ကောင်မလေးတစ်ယောက်ကို
ချစ်မိရင်(အပိုင်း - ၁ )
"ကို "
"အင်း...ပြောလေ နှင်းနု "
နှင်းနုက သူ့ ရင်ခွင်ထဲကနေ ခေါင်းမော့ပြီး ချွဲပစ်ပစ်လေသံနှင့် ပြောလာသည် ။
"နှင်းနုတို့ တွဲတာ သိပ်မကြာသေးပေမယ့် ကို့ကို နှင်းနုရဲ့ ဘဝလက်တွဲဖော်လို့ ယုံကြည်နေတယ် ။ ကို ရောဟင် "
မျက်၀န်းအရောင်တောက်တောက်တွေနှင့် ကြည့်ပြီး အဖြေကို စောင့်ဆိုင်းနေသည့် နှင်းနုကို ကြည့်ရင်း ခွန်း မဲ့ပြုံးပြုံးမိသည်။ သူမ စကား ဘာကို ဆိုလိုချင်သည်ဆိုတာ ခွန်း ရိပ်မိပြီးသားပင် ၊ နှင်းနုမေ ဆိုသည့် မိန်းမလည်း သူ အရင်က တွေ့ဆုံခဲ့ဖူးသော မိန်းမတွေနှင့် ထူးမခြားနားပင် ။ နှင်းနု၏ ရည်ရွယ်ချက်က နောက်ဆုံးတော့ သူ့ကို အပိုင်ဖမ်းဖို့ပင်။
သူ ပန်းဥယာဉ်ထဲကို ကြည့်လိုက်တော့ လူနည်းနည်းသာ ရှိသည်။ ထို့နောက် နှင်းနုကို ရင်ခွင်ထဲမှထုတ်ပြီး အကြည့်ချင်းဆုံကာ ပြောလိုက်သည် ။
"ကိုယ် မဖြေခင် နှင်းနု အရင်ဖြေရမယ်။ နှင်း ပြောချင်တာ ကို နားလည်အောင်သေချာပြော ။ ဒါမှ ကို အဖြေပေးနိုင်မှာ "
နှင်းနု၏ စိတ်ထဲအောင့်သက်သက်ဖြစ်သွားပေမယ့် အတတ်နိုင်ဆုံး အလှပဆုံးဖြစ်အောင် ဟန်ဆောင်ပြုံးလိုက်သည် ။
"ကိုကလည်း ၊ နှင်း ပြောချင်တာ တကယ်မသိဘူးလားလို့ "
ခွန်း၏ အကျင့်အတိုင်း မဲ့ပြုံးနှင့် စိုက်ကြည့်နေလိုက်တော့ နှင်းနုက မျက်နှာပျက်ပြီး ဆက်ပြောရှာတော့သည်။
"နှင်း ကိုနဲ့ လက်ထပ်ဖို့ တိုင်ပင်မလို့ "
"ဘာ ၊ အဟက် ၊ လက်ထပ်မယ် ဟုတ်လား နှင်းနု ။ ဟား....ဟား...ဟား..."
"နှင်းနု ပြောတဲ့စကားမှာ ရယ်စရာပါလို့လား ကို "
"ဟား ....ဟား....."
ခွန်းသည် ရယ်ချင်နေတာကို မနည်းအရှိန်သတ်လိုက်ပေမယ့် မျက်နှာကတော့ ပြုံးစိစိနှင့် .....။
YOU ARE READING
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomancePlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...