💘 4 💘

5.3K 282 4
                                    

( အခန်း - ၄ )

ညစာ ထမင်းစားဝိုင်းတွင် ။

"ဒီနေ့ အဆင်ပြေရဲ့လား ဟန်လေး ။ ခွန်းရော သေချာလိုက်ပို့ပေးရဲ့လား "

"ဟုတ်ကဲ့ ဘွားဘွား  ။ ကိုကိုက ဟန့်ကို သေချာလိုက်ပို့ပေးပါတယ် "

ကိုကိုဆိုသော စကားလုံးအသုံးနှုန်းကြားမိတော့ ခွန်း နှုတ်ခမ်းမဲ့မိသည်။ ဟန်ဆိုသည့် ကောင်မလေးက အဘွားရှေ့ဆို ကိုကို ၊ အဘွား နောက်ကွယ်ဆို ဦးလေးကြီး ဦးလေးကြီးဆိုသည့် နာမ်စားကို ပါးစပ်ကမချ ၊ လူကို နားမချမ်းသာအောင် သိပ်လုပ်သည်။

"ဘွား ကျွန်တော် ပြောစရာရှိလို့..."

"ပြောလေ...သူရရဲ့ ။ ဘာများလဲ....မြေးကြီး...."

ကိုနေသူရ ပြောမည့်စကားကို ဟန် ထမင်းစားနေရာမှ အာရုံစိုက်နားထောင်နေမိသည်။

"ဘွားကို ကျွန်တော် တစ်ခါပြောဖူးတဲ့ ရွာက ဘကြီးရဲ့ တူမဆိုတာလေ......"

"အေး..သားနဲ့ ဆွေမျိုးနီးစပ်တော်တယ်ဆိုတဲ့ ကလေးမလေးလား။ ဘာဖြစ်လို့လဲ.....သူရရဲ့...."

နေသူရ၏ ဘကြီးဖြစ်သူ ဦးနီက ဒီခြံကြီးမှာ ခြံစောင့်လုပ်ခဲ့သည်။ ဘကြီးနှင့်အတူ မိဘလည်းမရှိသည့် သူက ငယ်စဉ်တည်းက ဘွားတို့အိမ်မှာနေခဲ့သည် ။ နေခွန်း၏ မိဘတွေ ကားမတော်တဆမှုနှင့် ဆုံးပါးသွားတော့ နေခွန်း အဖော်ရအောင် ဘွားက သူ့ကို မွေးစားခဲ့တာဖြစ်သည်။ ဘကြီးကလည်း သိပ်မကြာခင်ကမှ ရွာမှာ ဘုရားတရားလုပ်ကာ အေးဆေးနေလိုသည်ဟုဆိုကာ အလုပ်ထွက်သွားတော့သည်။ ဒါကြောင့် နေသူရ ရွာကို မကြာခဏ ပြန်ရင်း ဘကြီးနှင့် ဆွေမျိုးတချို့ဆီ အလည်သွားလေ့ရှိသည်။

ဟိုတလောက ရွာကို အလည်သွားရင်း မြို့မှာ ကျောင်းတက်ပြီး ပြန်လာသည့် ပန်းနုခင်နှင့် တွေ့ခဲ့သည်။ ညီမနှစ်ဝမ်းကွဲလောက်တော်စပ်သော ပန်းနုက အလုပ်တစ်ခုရဖို့ အကူအညီတောင်းလေသည်။ ပန်းနု၏ မိဘတွေက ရွာမှာ လယ်အလုပ်လုပ်တာကြောင့် သူဘဝကို လယ်တောထဲမှာ အဆုံးမသတ်ချင်ဟု ပန်းနုဆိုတာကြောင့် နေသူရ သူမကို ကူညီဖို့ ဆုံးဖြတ်လိုက်သည်။

ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed) حيث تعيش القصص. اكتشف الآن