💘 6 💘

4.5K 264 4
                                    

( အခန်း - ၆ )

ည​နေဘက်​မှာ ခွန်းနှင့်  ပန်းနုတို့ ခြံထဲမှာ စကား​ပြော​နေကြသည် ။ စကား​ပြောသည်​ဆိုတာထက်​ ခွန်းဘက်​ကသာ စပြီး ​မေးမြန်းစုံစမ်း​နေရသည်​ဆို ပိုမှန်​​ပေလိမ့်မည်​ ။ စကားနည်းပြီး အ​နေ​အေးသည့် ပန်းနုကို ကိုယ်​က သိချင်​သူမို့ ​မေးမြန်း​တော့မှ ပန်းနုက တစ်​ခွန်းစ ၊ နှစ်​ခွန်းစ ​ဖြေ​လေသည်​။  သူက ပန်းနုကို စိုက်​ကြည့်လိုက်တိုင်း အကြည့်ချင်း ဆုံသွားလျင်​ ရှက်​ဟန်​နှင့် ​ခေါင်း​လေးငုံ့သွားတတ်​တာကို ခွန်း သ​ဘောကျ​နေမိသည်​။

ခွန်း မြင်​​နေကျ မိန်းက​လေးတို့နှင့် ပန်းနုက ကွဲထွက်​​နေသည်​မို့ နည်း​နည်း​တော့ စိတ်​၀င်​စားမိသည်​မှာ အမှန် ။

မည်​သူမဆို ကိုယ်​ စံထားသည့် ပုံစံမျိုးနှင့် မိန်းက​လေးကို ဆုံလာခဲ့လျှင်​ အနည်းနှင့်အများ​တော့ စိတ်​၀င်​စားတတ်​ကြသည်​မဟုတ်​လား။

အစ်ကိုသူရ၏ 'ကား' ခြံထဲ ၀င်​လာ​တော့ နှစ်​​ယောက်​သား စကား​ပြော​နေရာမှ တိတ်ဆိတ်သွားသည် ။ ခွန်းက  ကားရပ်​မည့်နေရာသို့ ​လျှောက်​လာခဲ့သည်​။

​တွေ့လိုက်​ရ​သော မြင်​ကွင်းက ဟန်​ နှင့် အစ်ကိုသူရတို့ ရယ်​​မောပြီး နီးကပ်​​နေ​သော အ​နေအထားနှင့် ၊ ခွန်း စိတ်​ထဲ ဘာ​ကြောင့်မှန်းမသိ မ​ကျေမနပ်​ဖြစ်​သွားရသည်​။

သည်ချာတိတ်​ဆိုတာ သူ့ကိုဆို အမြဲပြသနာရှာပြီး အစ်ကိုနှင့်ဆို ပြုံးဖြီး​နေ​သည်​မှာ စိတ်​တိုစရာပင်​ ။

"ဦး​လေးကြီး "

ခွန်းက ဟန်လေးကို မ​ကျေမနပ်​ကြည့်ပြီး အစ်ကိုသူရကို လှမ်း​မေးလိုက်​သည်​။

"​ပျော်​​စရာကိစ္စများ ရှိလို့လား အစ်ကို ။ နှစ်​​ယောက်​သား ရယ်​​မောလို့ပါလား"

"မဟုတ်​ပါဘူးကွာ.....ခွန်းရဲ့ "

သူရက ခွန်း၏ အနောက်​မလှမ်းမကမ်းမှာ ရပ်​ကြည့်နေ​သော ပန်းနုကို သတိထားမိသွားသည်​။

"ပန်းနု အဆင်​​ပြေရဲ့လား "

ပန်းနုဆိုသည့် အသံကြား​သော် ဟန်​ လိုက်​ရှာကြည့်မိ​သည် ။ ခွန်း၏ အနောက်​မလှမ်းမကမ်းမှာ ရပ်​​နေတာ ​တွေ့လိုက်ရသည်​။ တည်​ငြိမ်​​အေး​ဆေးပြီး မြန်​မာဆန်​ဆန်​​လေးနှင့် ကျက်​သ​ရေရှိရှိ လှပ​နေ​လေသည်​။ ဟန်​သည် မမပန်းနုကို မြင်​မြင်​ချင်းပင်​ ချစ်​ခင်​မိသည်​။ "ဦး​လေးကြီး ဒီ​နေ့ ဟန့်ကို လာမကြိုတာ ဒါ​ကြောင့်များလား " ဟု အ​တွေး၀င်​မိ​တော့ ဟန်​ ပြုံးမိပြီး ဦး​လေးကြီးကို ကြည့်ကာ ​ခေါင်းခါမိသည်​။

ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed) Donde viven las historias. Descúbrelo ahora