( အပိုင်း - ၂၂ )
ဘွားဘွား မေ့လဲပြီး ဆေးရုံရောက်နေတယ်ဆိုပြီး ဖုန်းလာတော့ ဟန်နှင့် ခွန်း ဆေးရုံကို ရင်တထိတ်ထိတ်နှင့် ရောက်လာခဲ့သည်။
ဆေးရုံအခန်းရှေ့ရောက်တော့ လူနာအခန်းထဲမှ ထွက်လာတဲ့ ဆုမြတ်ကို တွေ့လိုက်ရသည်။ ဆုမြတ်ကို တွေ့တွေ့ချင်း သး အလောတကြီးမေးလိုက်သည်။
"ဘွားဘွား ဘယ်လိုနေလဲ မဆုမြတ်"
"ခုတော့ အဆင်ပြေသွားပါပြီ ၊ စိုးရိမ်စရာ မရှိတာ့ပါဘူး ၊ သတိပြန်ရပြီး ခုနပဲ ပြန်အိပ်ပျော်သွားတယ်..."
ခွန်း သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါပဲ မဆုမြတ် ၊ ကျွန်တော်တို့ ဆက်ပြီး စောင့်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ ဒါဆို ကျွန်မ ကုမ္ပဏီကို ပြန်လိုက်ပါဦ မယ်...."
ခွန်း၏ မျက်နှာ စိုးရိမ်မှုကြောင့် ဖြူလျော့နေတာမြင်တော့ ဟန် ခွန်းလက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး အားပေးလိုက်သည်။
"အဆင်ပြေမှာပါ "
"အင်း ... ဟန်လေး "
အခန်းထဲကို ၀င်လာတော့ ဆေးရုံကုတင်ထက်မှာ နွမ်းလျစွာ လဲလျောင်းနေတဲ့ ဘွားဘွားကို မြင်ပြီး ခွန်း စိတ်မကောင်း။ ဘွားဘွားသာ တစ်ခုခုဖြစ်သွားရင်ဆိုသည့်အတွေး ၀င်မိတော့ ရင်ထဲအောင့်သွားရသည်။ ခုချိန်ကစပြီး လိမ်မာတော့မည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချမိသည်။
×××××××××××××××
"ဘွားဘွား ဆေးရုံမှာ တစ်ရက်၊နှစ်ရက် ထပ်နေသင့်တယ်"
"မဟုတ်တာကွယ် ဟန်လေးရယ် ၊ ဘွားဘွား အဆင်ပြေပါတယ် ၊ အရေးကြီးကိစ္စတွေ မြန်မြန်စီစဉ်စရာရှိတာ စီစဉ်ရမယ်..."
"အဘွား ကျန်းမာရေးထက် ဘာတွေများ အရေးကြီးနေလို့လဲ ၊ ကျွန်တော့်ကို ခိုင်းပါ ၊ ကျွန်တော် အကုန်လုပ်ပေးပါ့မယ်"
KAMU SEDANG MEMBACA
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomansaPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...