💘23💘

4.3K 203 0
                                    

( အပိုင်း - ၂၃ )

"ဟန်​​လေး ဒီ​နေ့ ဘယ်​သွားချင်​လဲ ၊ အလုပ်​ပိတ်​ရက်​ဆို​တော့ ကိုယ်​ လိုက်​ပို့​ပေးမလို့..."

ဟန်​ ​ပျော်​သွားပြီး ဘယ်​သွားရမလဲ စဉ်းစားမိသည်​။

"အင်း ၊ ပီဇာသွားစားမလား ၊ ပြီး​ရင်​ Game City သွားမယ်​...ပြီးရင်​..."

Ring <<<>>>

ဟန်းဖုန်းမြည်​သံ​ကြောင့် ဟန်​ အစီအစဉ်​​တွေ​ပြောပြ​နေရာမှ ရပ်​သွားသည်​။

ခွန်းက  ဖုန်းနံပါတ်​ကိုမြင်​​တော့ မျက်​နှာပျက်​သွားသည်​။

"အလုပ်​ကိစ္စမို့ အပြင်​ခဏထွက်​​ပြောလိုက်​ဦးမယ်​..."

ဟန်​​လေး ​ခေါင်းညိတ်​ပြတာမြင်​​တော့မှ ခွန်း ခြံထဲဆင်းပြီး ဖုန်းကိုင်​လိုက်​သည်​။

"ဟဲလို ပန်းနု "

"ခွန်း"

"ဘာကိစ္စရှိလို့လဲ ပန်းနု"

"ခွန်း ပန်းနုဆီကို ခဏလာခဲ့ပါလားဟင်​ "

"ဘာလို့လဲ ပန်းနု "

"ဟို ပန်းနုလေ ခွန်းကို ဟို​နေ့ကကိစ္စအတွက်​ ​တောင်းပန်​ချင်​လို့ပါ ၊ ​နောက်​ပြီး ဒီတစ်​ခါ ​တွေ့မယ်​ဆိုတာ ​နောက်​ဆုံးအ​နေနဲ့ နှုတ်​ဆက်​ချင်​လို့ပါ ၊ ​လာခဲ့​ပေးပါ​နော်​ ခွန်း"

ခွန်းက  ပန်းနုကို သွားမ​တွေ့ချင်​ ၊ ဒါ​ပေမဲ့ ပန်းနုရဲ့ ​နောက်​ဆုံးအ​နေနဲ့ ဆိုသည့် စကား​ကြောင့် ​​တွေ့ဖို့ဆုံးဖြတ်​လိုက်​သည်​။

"​ကောင်းပြီ​လေ ၊ ကျွန်​​တော်​ ထွက်​လာခဲ့ပါ့မယ်​ ၊ ဘယ်​ကိုလာရမလဲ"

"ခွန်း ဟိုတစ်​ခါလိုက်​ပို့တဲ့ ပန်းနုရဲ့ အိမ်​ကို"

"ပန်းနု ကျွန်​​တော်​တို့ အပြင်​မှာ ​တွေ့ရင်​ ပို​မ​ကောင်းဘူးလား"

"ပန်းနု အပြင်​ထွက်​ရင်​ ဟိုလူ လိုက်​​နှောင့်ယှက်​မှာ စိုးလို့ပါ ၊ ဒါ​နောက်​ဆုံးပါ ခွန်း "

ခွန်း သက်​ပြင်းချမိသည်​။

"​ကောင်းပြီလေ ၊ ကျွန်​​တော်​ လာခဲ့မယ်​"

ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed) Donde viven las historias. Descúbrelo ahora