( အခန်း - ၂ )ဟန် ကားဂိတ်ရောက်သော် လာကြိုမည့် သူကို စောင့်နေပေမယ့် မတွေ့ ၊ ဟန့်ထက် အသက်ကြီးသည့် အစ်ကိုတစ်ယောက် လာကြိုမည်ဟု ပြောထားသည်။ တွေ့ရင် မမေဟန်သီ၏ သမီး ဟန်နေခြည်ဟု ပြောဖို့ မေမေက မှာထားသည်။ ဒါပေမဲ့ အရိပ်အယောင်မတွေ့ ၊ စိတ်ထဲ အလိုမကျစွာ တောက်ခေါက်ရင်း အဝတ်အိတ်ကို ဘေးမှာ ခဏချလိုက်သည် ။ ထို့နောက် ဘောင်းဘီအိတ်ထဲမှာ လိပ်စာရေးထားသည့် စာရွက်ကို ထုတ်ယူလိုက်သည်။
တကယ်လို့ လာမကြိုလျှင် ဟန်ကိုယ်တိုင်ပဲ လိပ်စာအတိုင်း ကားငှါးပြီးသာ သွားလိုက်တော့မည်။
"တွေ့ပြီ..."
စာရွက်ခေါက်လေးကို ဖြန့်ပြီးကြည့်နေတုန်း ။
ဝှစ်...
ရုတ်တရက် ဘယ်က ရောက်လာမှန်းမသိသည့် လူတစ်ယောက်က ဟန့်၏ အဝတ်အစားအိတ်ကို ဆွဲပြေးတာကြောင့် ရုတ်တရက်မို့ ကြောင်အသွားရသည်။ ထို့နောက် သတိဝင်ပြီး အိတ်လုပြေးသူနောက် လိုက်တော့သည်။
အကျ်ီအနက် ခေါင်းစွပ်ထားပြီး ဂျင်းဘောင်းဘီဝတ်ထားသည့် သူခိုးကို ဟန် အော်ဟစ်ပြီး ပြေးလိုက်ပေမယ့် လည်လွန်းသည့် သူခိုးဖြစ်သူက ကားကြားထဲကနေ တိုးဝှေ့ရင်း ထွက်ပြေးတာကြောင့် နောက်ဆုံးတော့ မျက်ခြေပြတ်သွားရတော့သည်။
"တောက်! သူခိုးစုတ်! သူခိုးပျက်! ငါတော့ သွားပါပြီ ။ ပိုက်ဆံတွေရော ၊ အဝတ်အစားတွေရော တစ်ခုမကျန် ကုန်ပါပြီ "
ဟန် စိတ်ပျက်လက်ပျက်နှင့် ညည်းညူနေမိသည်။ နောက်ဆုံး ကားဂိတ်ကို ပြန်လာပြီး လာကြိုမည့်သူကိုသာ စောင့်တော့မည်ဟု ဆုံးဖြတ်ပြီး အလာ တွေ့လိုက်ရသူက ခုန သူခိုး ။
" ဘယ်လို သူခိုးပါလိမ့် ။ အရှက်မရှိ ပြန်လာရဲသေးတယ် သေပြီသာမှတ် "
ဟန် ကြိမ်းဝါးရင်း မျက်နှာကိုမဲ့ပြီး ပြေးသွားကာ အနားရောက်တော့ ခုန်ပြီး သူခိုး၏ ဦးခေါင်းကို အားနှင့်ရိုက်ချပစ်လိုက်သည်။
ဘုန်း!
"မိပြီ...သူခိုး....ပြေးချင်သေးလား ။ ရဲစခန်းပို့ပစ်ရမယ် "
VOUS LISEZ
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
Roman d'amourPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...