( အပိုင်း - ၁၈ )
ည ၁၂နာရီကျော်နေပေမယ့် ဒေါ်ခင်ထား အိပ်မပျော်နိုင်သေး ။ ရင်ထဲမှာ အပူမီးတွေ တောက်လောင်နေသည်။ မင်းဟန် သုံးရက်လောက် အချိန်ယူ စုံစမ်းပြီး သိရှိရသည့် ပန်းနုခင်၏ အကြောင်းက သူ့ကို မယုံနိုင်အောင် သွေးပျက်သွားစေသည်။
ရိုးရိုးလေးနှင့် အနေတည်ပြီး အေးဆေးသည့်မိန်းကလေးဟု အပေါ်ယံကြည့်ပြီး မှတ်ချက်ချခဲ့မိတာ အမှားကြီးမှားခဲ့ပြီ။
ပန်းနုခင်အဖြစ် ဟန်ဆောင်ထားသည့် မိန်းကလေးအမည်ရင်းမှာ ရိုစီ ၊ ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ရှိယောကျာ်းများနှင့်လည်း ပတ်သတ်ခဲ့သည်ဟု သတင်းတွေအရ သိရပြန်သည်။ အားလုံးခြုံပြောရရင် ကောင်းကွက်တစ်ကွက်မှမရှိ။ ဒီလို စာရိတ္တမကောင်းသည့် မိန်းကလေးကိုမှ အိမ်ပေါ်ခေါ်တင်လာသည့် သူရ၏ ရည်ရွယ်ချက်က ဘာကြောင့်လဲ ဟု တွေးမိပြန်တော့ မြေးအရင်းဖြစ်သူ နေခွန်းကို စိတ်ပူသွားရသည်။
"မဖြစ်သေးပါဘူး ။ တစ်ခုခု စီစဉ်မှပဲ..."
ဒေါ်ခင်ထား ရေရွတ်ရင်း မနက်ဖြန်ရောက်လျှင် လုပ်ရမည်ကို စိတ်ထဲ အစီအစဉ်ချထားလိုက်သည်။ ထို့နောက် အိပ်ပျော်အောင် အိပ်ဆေးတို့ဖြင့် ကြိုးစားရတော့သည်။
⚡⚡⚡⚡⚡⚡⚡⚡⚡
"ဘာပြောတယ် ! ငါ့အကြောတေးတွေ လာစုံစမ်းတယ်ဟုတ်လား ။ တောက် ဘယ်သူလဲ ၊ ဘယ်ကလဲ"
မနက်စောစော ပန်းနု၏ အရင်အလုပ်ဖြစ်သည့် ကလပ်မှ သူငယ်ချင်းဖြစ်သူ မေရီ ဖုန်းဆက်တာကြောင့် ခြံထဲခဏဆင်းပြီး ဖုန်းပြောရာ ကြားလိုက်ရတဲ့ သတင်းကြောင့် စိတ်တိုသွားရသည်။
"ဟုတ်တယ် ရိုစီ...ယောကျာ်းတစ်ယောက်ပဲ ။ ငါလည်း မသိဘူး အဲ့ဒီလူကို ။ ဒါပေမဲ့ ဓာတ်ပုံတော့ ခိုးရိုက်လိုက်သေးတယ် ။ နင့်ဆီ ပုံပို့လိုက်မယ်...."
ပန်းနု ဒေါသတို့ မြင့်တက်ရင်း ဘယ်သူလဲ ဟု အလောတကြီး စဉ်းစားမိသည်။
KAMU SEDANG MEMBACA
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomansaPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...