( အပိုင်း - ၂၄ )
ဟန် ငိုလို့၀တော့မှ မျက်ရည်တွေ ကုန်အောင်သုတ်ပြီး ဘေးဘီကို ကြည့်မိတော့သည်။ ဟန် သွားရမည့် လမ်းမဟုတ်တာ ယခုမှ သတိထားမိသည်။
"ကိုကြီး ၊ ဘယ်တွေ သွားနေတာလဲ ၊ ဒါကားဂိတ်ကို သွားနေတဲ့ လမ်းမဟုတ်ဘူးနော်"
သူရ က ဟန်လေးကို ကြည့်ပြီး ပြုံးပြလိုက်သည်။
"အခုချိန် ကားကြပ်နေလို့ လမ်းရှင်းတဲ့ဘက်က မောင်းနေတာပါ"
ဟန် ခေါင်းညိတ်လိုက်ပေမယ့် ဘာကြောင့်မှန်းမသိ စိတ်ထဲ စိုးရိမ်စိတ်တို့ ၀င်လာသည်။
တဖြည်းဖြည်းနှင့် လူသူကင်းရှင်းသည့်နေရာသို့ ရောက်လာတာမြင်တော့ ဟန် ဆက်ပြီး ငြိမ်မနေနိုင်တော့။
"ကိုကြီး ကားရပ်ပေးတော့ ၊ ဟန် ကိုယ့်ဘာသာ ဆက်သွားတော့မယ်"
"ဘာလို့လဲ ဟန်လေး ၊ ကိုယ် လိုက်ပို့ပေးမှာပေါ့"
ဟန်က ကိုကြီးမျက်နှာထက်က လျှို့ဝှက်သည့်အပြုံးကို မြင်လိုက်ရတော့ သံသယစိတ်တို့ ပိုခိုင်မာသွားသည်။ ရင်ထဲမှာလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။
"ကိုကြီး ခုကားရပ်ပေးတော့ "
"ရောက်တော့မယ် ခဏပဲ"
"မရဘူး ၊ ခုကားရပ်ပေး ၊ ဟန် ဆင်းတော့မယ်"
ဟန့်စကားကို မကြားချင်ယောင်ဆောင်ကာ ကိုကြီး ကားဆက်မောင်းနေတာကြောင့် ဟန် စိုးရိမ်စိတ်တို့ မြင့်တက်လာရသည်။
××××××××××××××××
"ဟန်လေး ဟန်လေးရေ"
"သား ...ဟန်လေး ထွက်သွားပြီ ၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ"
"ဗျာ ၊ ဘယ်ကိုသွားတာလဲ ဒေါ်မြ"
"အိမ်ပြန်မယ်လို့ ပြောသွားတာပဲ ၊ အထုတ်တွေလည်း ယူသွားတယ်"
"ဗျာ !"
ခွန်းသည် ဒေါ်မြစကားဆုံးသည်နှင့် အိမ်ထဲမှ ပြေးထွက်ကာ ကားပေါ်တက်ပြီး ဟန်လေးရှိနိုင်သည့် အဝေးပြေးဂိတ်သို့ လိုက်သွားဖို့ပြင်သည်။
KAMU SEDANG MEMBACA
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomansaPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...