( အပိုင်း - ၁၅ )
"ဘယ်လိုရောက်လာရမှာလဲ။ ကျွန်မသာ ရိုစီခေါ်တာကို ရောက်မလာခဲ့မိရင် တစ်သက်လုံး နောင်တရမိမှာ ။ ရှင် ဒီလိုအရှက်မရှိတဲ့ လုပ်ရပ်တွေ လုပ်မယ် မထင်မိဘူး ကိုမိုးမြင့် ။ ရှင်နဲ့ ကျွန်မ ဆက်မပေါင်းနိုင်တော့ဘူး ။ ရှင် ကျွန်မစည်းစိမ်တွေနဲ့ ဘယ်အချိန်တည်းက ပျော်ပါးနေခဲ့တာလဲ ။ တကယ်ပဲ စိတ်ပျက်လိုက်တာ"
ဒေါ်မြသွယ်က ဒေါသတကြီး ပြောဆိုပြီး ထွက်သွားသော် ဦးမိုးမြင့် လှမ်းအော်ခေါ်မိသည် ။ သို့သော် တစ်ချက်ပင် ပြန်လှည့်မကြည့်လာတော့ပါ ။
ဦးမိုးမြင့်သည် ယခုမှပင် ရိုစီ့ကို သတိရပြီး ကြည့်မိသည်။ ရိုစီ့မျက်နှာထက် ကောက်ကျစ်သည့် အပြုံးများနှင့် ။
"ရိုစီ ဒါ မင်းရဲ့ အကြံအစည် မဟုတ်လား "
" သိပ်ဟုတ်တာပေါ့ ၊ ကျွန်မကို လူကြားထဲ အရှက်ခွဲတဲ့ ရှင့်ကို ကလဲ့စားပြန်ချေတာ ။ နောက်တစ်ခါ ကျွန်မကို အနှောင့်အယှက်လာပေးရင် ဒီထက် ပိုဆိုးမယ်မှတ်..."
ဦးမိုးမြင့် ဒေါသထွက်ပြီး တောက်ခေါက်မိသည်။
"မြန်မြန် ရှင့် မိန်းမနောက်လိုက်သွားတာ ပိုကောင်းမယ် ဦးမိုးမြင့် ၊ အဟင်း...နောက်မို့ဆို ရှင် ကွာရှင်းခံနေရဦးမယ်...."
"မင်း...မင်း!"
ဦးမိုးမြင့် မျက်နှာကြီးနီရဲပြီး ဘာမှမပြောနိုင်ဘဲ ထွက်သွားရတော့သည်။
ရိုစီတစ်ယောက်တည်း ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။
⚡⚡⚡⚡⚡⚡⚡⚡
ဒေါ်ခင်ထားသည် ပန်းနုကို သည်နေ့ ခိုင်းထားသည့်အလုပ်ကိစ္စ အဆင်ပြေလား မေးဖို့ ပန်းနုကို မတွေ့ရသေးပါ ၊ ထို့ကြောင့် အတွင်းရေးမှူး ဆုမြတ်ကို ဖုန်းဆက်မေးလိုက်သည်။
"ပန်းနုခင်ကို ခဏ လွှတ်လိုက်ပါ..."
"ပန်းနု ပြန်မရောက်သေးပါဘူး...သူဌေးရှင့်..."
KAMU SEDANG MEMBACA
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomansaPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...