💘 5 💘

4.9K 269 5
                                    

( အခန်း - ၅ )

"ရော့.....ရေသောက်လိုက်"

ခွန်းသည် ဟန့်လေးကို ကားထဲကို တွဲခေါ်လာပြီး စိတ်ငြိမ်သွားအောင် ​ရေ​သောက်​ရန်​ ရေသန့်ဘူးအဖုံးဖွင့်ပြီး ​ပေးလိုက်သည်။

ဟန်သည် ခွန်းကို လုပ်ခဲ့မိသည့် ကိုယ့် အပြုအမှုကို ပြန်တွေးမိတော့ အရှက်ပိုသွားရတော့သည်။ ရေဘူးကို ယူရင်း မော့သောက်လိုက်သည်။

"သရဲ ကြောက်တတ်တယ်ဆို ဘာလို့ လိုက်ကြည့်သေးလဲ "

ခွန်းက မျက်ခုံးတွန့်၍ မေးသည် ။

"ဒီလောက်ကြောက်ဖို့ ကောင်းမယ်မထင်လို့ပေါ့ ။ ဟန် အရင်က သူရဲကားကြည့်ဖူးတယ် ။ အဲ့ဒီတုန်းက....ရယ်စရာကောင်းခဲ့တာကို...ခုမှ..."

"ဟား..... သရဲကားက ရယ်စရာကောင်းမလား....ချာတိတ်ရဲ့ ။ ခု ကြောက်စရာကောင်းလို့ မင်းတောင် ငိုနေရပြီမဟုတ်လား....."

ဟန် နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး အရှက်ပြေ ချေပလိုက်သည် ။

"နည်းနည်း လန့်သွားလို့ပါ "

"နည်းနည်းပဲလား.. ချာတိတ် ။  မင်းကြောင့် ငါတော့ အိန်ဂျယ်နဲ့ ပြတ်ပြီ "

"ဘာလို့ ပျက်ရမှာလဲ ဦးလေးကြီးကလည်း "

"ဘာလို့လဲ ဟုတ်လား ၊ ပထမဆုံး စတွဲတဲ့နေ့မှာပဲ ရုပ်ရှင်အတူကြည့်ဖို့ကို မင်းက လိုက်ရှုပ်တယ် ။ ဒါတောင် အားမရဘဲ သရဲကြောက်တယ်လုပ်လို့ အိန်ဂျယ့်ကို ပစ်ပြီး မင်းကို ခေါ်ထုတ်လာရတယ်လေ "

"ဒါဆို ပြန်သွားပေါ့ ။ ရုပ်ရှင်ရုံထဲ ။ ဟန် ​ကိုယ့်ဘာသာ ပြန်တော့မယ် "

ဟန် ပြောပြောဆိုဆိုနှင့် ကားတံခါးဖွင့်ပြီး ဆင်းဖို့ပြင်တော့ ခွန်းက လက်ကို လှမ်းဆွဲပြီး တားလိုက်ရသည်။

"ခုမှတော့ အပိုတွေ လုပ်မနေနဲ့တော့ ။ အိမ်ပြန်ရအောင် "

ခွန်း ကားမောင်းပြီး ရုပ်ရှင်ရုံ အရှေ့မှထွက်လာခဲ့သည်။

ဟန်သည် ခွန်းကို မဝံ့မရဲနှင့် ခိုးကြည့်ပြီး....။

"တကယ်လို့ ဦးလေးကြီး နဲ့ အိန်ဂျယ်ဆိုတဲ့ ကောင်မလေး ပြတ်သွားရင် အသည်းကွဲမှာလား ဟင် "

ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed) Onde histórias criam vida. Descubra agora