( အခန်း - ၇ )
ဟန် မေးစေ့ကို လက်နှင့် ထောက်ရင်း ခွန်းကို စေ့စေ့ကြည့်ကာ စဉ်းစားနေမိသည်။
"ချာတိတ် မင်း စဉ်းစားလို့ရောပြီးဦးမှာလား "
ခွန်း စိတ်မရှည်စွာ မေးလိုက်သော် ဟန်လေးက မေးစေ့ကိုလက်နှင့် ထောက်ထားရာမှ လက်ပိုက်လိုက်ပြီး ဆရာမကြီးစတိုင်ပုံစံဖမ်းကာ ။
"ဒါဆို ဦးလေးကြီးက အိန်ဂျယ်ဆိုတဲ့ ကောင်မလေးကြောင့် ဟန့်ကို ရည်းစားအတုအဖြစ် ဟန်ဆောင်ခိုင်းမယ်ပေါ့လေ ၊ ဟုတ်လား"
"အေး...ဟုတ်တယ်"
ခွန်းသည် ဟန့်ကို ကြည့်နေရင်း စိတ်ကို အတတ်နိုင်ဆုံး လျော့ထားရသည်။ တော်ကြာ စိတ်မထိန်းနိုင်ရင် ရိုက်ပွဲတွေဖြစ်မှာ စိုးရိမ်မိတာကြောင့်ပင်။
"ဦးလေးကြီးလို လူအတွက် မိန်းကလေးတွေ ဒီလောက်ပေါနေတာကို....ဟန့်ကို အကူအညီလာတောင်းတယ်ဆိုတော့ ၊ ဦးလေးကြီး....ဟန့်ကိုများ....."
ဟန်က ဆက်မပြောဘဲ မိမိကိုယ်ကို လက်နှစ်ဖက်နှင့် ကွယ်ရင်း ကြောက်လန့်သည့် ပုံစံ လုပ်ပြတော့ ခွန်း စိတ်မထိန်းနိုင်တော့။
ဒေါက်!
"အား! နာလိုက်တာ...ဦးလေးကြီး ၊ ဘာကိစ္စ ဟန့်ခေါင်းကို လာခေါက်ရတာလဲ...အား! ကျွတ် ! ကျွတ်!"
"မင်း ပေါက်ကရတွေပဲ ပြောနေတာကိုး ။ ငါ ဘယ်လို သည်းခံနိုင်မလဲ...."
"ဒါဆို ပြောလေ ။ ဘာလို့ ဟန့်ကို ရွေးပြီး ရည်းစားအတုအဖြစ် ဟန်ဆောင်ခိုင်းရတာလဲ ၊ ပြော"
ဟန် မျက်နှာရှုံ့မဲ့ပြီး ခွန်း ထုလို့ နာသွားသည့် ခေါင်းကိုပွတ်ရင်း မကျေမနပ် မေးလိုက်မိသည်။
"ငါ မှားတာပါ ၊ တစ်လောကလုံးမှာ မင်းကလွဲပြီး မိန်းကလေးတစ်ယောက်မှ မရှိရင်တောင် မင်းကို ရည်းစားအဖြစ် ဟန်ဆောင်ဖို့ အကူအညီမတောင်းခဲ့သင့်ဘူး "
ခွန်း စိတ်ထဲမှာသာ ပြောနေခဲ့မိတာပါ။ အပြင်မှာ ပြောလက်စနှင့် မထူးတော့ပြီမို့.....
BẠN ĐANG ĐỌC
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
Lãng mạnPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...