( အပိုင်း - ၁၇ )
"ကိုကြီးလို လူတစ်ယောက်ကို ဟန် ငြင်းစရာအကြောင်းပြချက် မရှိပါဘူး....."
"တကယ်လား ဟန်လေး.."
သူရ ၀မ်းသာပြီး ပျော်ရွှင်သွားရပေမယ့် ခဏသာ။ ဟန်လေးက သူ့လက်ကို အတင်းရုန်းလိုက်ပြီး ဆက်ပြောလာသည့်စကားကြောင့် ပျော်နေတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။
" ဒါပေမဲ့ ဟန် ကိုကြီးကို မချစ်ဘူး ။ ဟန် တောင်းပန်ပါတယ် ။ ကိုကြီးက အစစအရာရာ ပြည့်စုံတယ်ဆိုပေမယ့် ဟန် ငြင်းပါရစေ ။ ကိုကြီးက အားလုံးပြည့်စုံတယ်ဆိုပြီး ဟန် ရွေးချယ်လိုက်ပြီးမှ ဟန် ချစ်တဲ့သူနဲ့ ဆုံခဲ့မယ်ဆိုရင် နောင်တမရချင်လို့ပါ....."
"ဟန်လေး..."
" တောင်းပန်ပါတယ်...ကိုကြီး ။ ဟန် သွားအိပ်တော့မယ်..."
ဟန်သည် ကိုကြီး၏ ရှေ့က ထွက်သွားဖို့ထရပ်လိုက်ချိန် ကိုကြီးကပါ ထိုင်နေရာမှ ချက်ချင်းထရပ်ကာ ဟန့် လက်ကို ဆွဲပြီး လှမ်းတားလေသည်။
"ဟန်လေး....ကိုယ့်ကို ဒီလိုတော့ ပစ်ပစ်ခါခါ မငြင်းလိုက်ပါနဲ့လား....."
ဟန် နှုတ်ခမ်းကို ဖိကိုက်မိပြီး ခေါင်းငုံ့သွားသည်။ ဟန် မချစ်နိုင်တာမို့ ကိုကြီးကို မျှော်လင့်ချက် မပေးချင်။ အရင်က စိတ်၀င်စားခဲ့တယ်ဆိုတာ ကိုကြီးရဲ့ နေထိုင်ပုံ ၊ အပြောအဆို ပုံစံမျိုးကိုသာ။ ချစ်သူရည်းစားတစ်ယောက်လို စိတ်၀င်စားခဲ့တာမျိုးမဟုတ်။
"ဟန် တောင်းပန်ပါတယ် ကိုကြီး...."
ဟန် မမှားခဲ့ပေမယ့်လို့ နောက်တစ်ကြိမ် တောင်းပန်စကားဆိုလိုက်သည်။
"ကိုယ့်ကို ကြိုက်သလောက် အချိန်ယူပြီး စဉ်းစားပါ။ ကိုယ် စောင့်နိုင်ပါတယ် ။ ဟန်လေး ပြန်ချစ်နိုင်မယ့် နေ့ထိပေါ့ ။ ဒါကြောင့် ကိုယ့်ကို တစ်ခါတည်း အပြတ်မငြင်းလိုက်ပါနဲ့ကွာ "
ဟန် ပြန်ချေပဖို့ ပါးစပ်ဟလိုက်ပေမယ့် ကိုကြီး ဆက်ပြောတာကြောင့် ပြောမထွက်ခဲ့။
ŞİMDİ OKUDUĞUN
ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed)
RomantizmPlayboy ဆိုပေမယ့် ကိုယ် ယူမယ့် မိန်းကလေးကိုတော့ ရိုးသားယဉ်ကျေးတဲ့ ကြာပန်းဖြူလေးသာ လိုချင်တဲ့ နေခွန်း ။ လူရှုပ်လူပွေးဆို မုန်းတဲ့ ဟန်နေခြည် ။ အသိအိမ်မှာ နေပြီး တက္ကသိုလ်တက်ရင်း လူရှုပ်လေး ခွန်း နဲ့ ဆုံတဲ့အခါ ။ စတွေ့တည်းက ကြောင်နဲ့ ကြွက်လို မတည့်ကြတ...