💘16💘

4.3K 242 14
                                    

( အပိုင်း - ၁၆ )

ဦး​လေးကြီးက ဟန့်ကို ချစ်​တယ်​တဲ့လား ။

"မဖြစ်​နိုင်​တာ...."

ဟန်​ ​ခေါင်းခါမိသည်​။ ဘယ်​လိုမှ ယုံကြည်​လက်​ခံဖို့ မဖြစ်​နိုင်​။

"ကိုယ့် စိတ်​ကို ပြန်​စမ်းစစ်​​နေခဲ့တာ ကြာပြီ ။ ဒါ​ပေမဲ့ တဖြည်းဖြည်း ​သေချာသိလာခဲ့တာက မင်းကို ချစ်​​နေမိပြီဆိုတာပဲ...ဟန်​​လေး"

ခွန်းသည် ဟန်​​လေးကို စိုက်​ကြည့်နေရင်း ​ပြော​တော့ ဟန်​​လေး၏ မျက်​နှာထက်​ စိတ်​ရှုပ်​​နေဟန်​ အထင်းသားနှင့် ။ ရုတ်​တရက်​ သူက ဖွင့်ပြောလိုက်​​တော့ ဟန်လေးဘက်က လက်​ခံနိုင်ဖို့ ခဲယဉ်းမည်​​လေ။

ဟန်​သည် ဦး​လေးကြီးထံမှ ချစ်​တယ်​ဆိုသည့်စကား ကြားကြားချင်း ရင်​ခုန်​မိသည်​။ ထို့​နောက်​ တဖန်​ သံသယ၀င်​မိပြန်​သည်​။ မိန်းက​လေးတိုင်းကို အ​ပျော်​သ​ဘောအ​နေနှင့် ကစားစရာလို သ​ဘောထား တွဲ​နေတတ်​သည့် ဦး​လေးကြီးက ဟန့်ကို ချစ်​တယ်​ဆိုတာ ကစားစရာအရုပ်​တစ်​ခုလို သ​ဘောထား​နေခြင်းသာ ဖြစ်​နိုင်​သည်​။

"ဦး​လေးကြီး စကားကို ဟန်​ လုံး၀ မယုံကြည်​နိုင်​ဘူး ။ ဘာလဲ....ဦး​လေးကြီးမှာ တွဲစရာမိန်းက​လေး ရှား​နေပြီလား ။ ဟန့်ကို​တောင်​ အလွတ်​မ​ပေးပါလား..."

"မင်း ဘယ်​လို​ပြောလိုက်​တာလဲ ဟန်လေး "

"ဟန်​ ထင်တာကို ​ပြောတာပဲ​လေ ။ ဦး​လေးကြီး ​ပြောတဲ့စကားကို မကြားခဲ့ဘူးလို့ဘဲ ဟန်​ သ​ဘောထားလိုက်​ပါ့မယ်​ ။ ဟန့်ကို ​နောက်​တစ်​ခါ ဒီလိုစကားမျိုး မ​ပြောပါနဲ့။ ကား​ပေါ်က ​စောင့်နေမယ်​...."

ဟန်​ ​ပြောပြီးသည်​နှင့် ဦး​လေးကြီးကို ​ကျော်​ခိုင်းပြီး ကားဆီသို့ အမြန်​​လျှောက်​လာခဲ့သည်​။ ကားထဲမှာ ၀င်​ထိုင်​ရင်း သူ​ပြောခဲ့သည့် စကား​တွေကို ပြန်​ကြား​ယောင်​ရင်း သက်​ပြင်းတွေ အကြိမ်​ကြိမ်​ချ​နေမိ​တော့သည်​။

××××××××××

ခွန်းတစ်​​ယောက်​တည်း ကျန်​ခဲ့ပြီး စိတ်​အလိုမကျစွာ ​တောက်​​ခေါက်​မိသည်​။
ဒါ ဘယ်​လိုအ​ခြေအ​နေလဲ။ အငြင်းခံရတာလား ၊ မဟုတ်​ဘူး ။ အသိအမှတ်​ပြုမခံရသည်​ဆို ပိုမှန်​မည်​။

ကောင်မလေးတစ်ယောက်ကို ချစ်မိရင် 💘 ( Completed) Onde histórias criam vida. Descubra agora