Jaehyun's POV
မနက်၇နာရီ...
နောက်ဆုံးတော့ ကျနော့်ရဲ့daily routineတွေပြန်ရောက်လာခဲ့ပြီ
မနက် ၉နာရီအမှီ ရုံးကိုသွားရမယ် ညနေ ၆နာရီ ဒါမှမဟုတ် ၇နာရီလောက်မှ ပြန်ရောက်တတ်တယ်
ဒီလိုတွေကြောင့်ပဲ ကျနော်နဲ့ ကျနော့်ကလေးကိုဝေးစေခဲ့တာပဲ။ ဒါကိုဖြေရှင်းဖို့ကြိုးစားပေမယ့်လည်း မဖြစ်မြောက်ခဲ့ပါဘူး။ သူကလည်း အတိုင်းအတာတစ်ခုထိ နားလည်ပေးနေလို့ပေါ့"ဦးဂျယ် သွားတော့မလို့လား~~"
ကိုယ်လုံးပေါ်မှန်ကြီးတစ်ခုမှာ ရုံးသွားဖို့ပြင်ဆင်နေတဲ့ ကျနော့်ကို အခုထိအိပ်မှုန်စုံဖွားဖြစ်နေတဲ့ ကလေးလေးက အိပ်ရာပေါ်ကနေ လှမ်းမေးရှာတယ်။
"အင်း..အခုပဲ ထွက်တော့မလို့။ ကိုယ့်ကြောင့်နိုးသွားတာလား...ပြန်အိပ်လေ"
ခေါင်းလေးတရမ်းရမ်းလုပ်ပြပြီး လက်ကလေးနှစ်ဖက်ကိုဆန့်တန်းကာ လှမ်းခေါ်နေတယ်
ကျနော်လည်း သူ့နားသွားပြီး ခန္ဓာကိုယ်ကို နည်းနည်းလေးစောင်းပြီးနေလိုက်တော့ ကျနော့်ကိုဂုတ်ကဆွဲပြီး ဖက်ထားတယ်။ နည်းနည်းအချိန်ကြာလာတော့ ကျနော်လည်း ခါးညောင်းလာလို့ရုန်းလိုက်တော့"မသွားခင်လေးပါပဲ~~ခဏလေးပဲ..."
သူဖက်လို့ဝသွားတဲ့အထိ ကျနော့်မှာစောင့်ပေးလိုက်တယ်။ ဒီတော့မှတဖြည်းဖြည်းလေးလွှတ်လာပြီး ကျနော့်ကိုကြည့်နေတယ်
"ဘာလဲ?"
"ဘာမှဟုတ်ပါဘူး..ဒီနေ့ ထမင်းမစားနဲ့နော် ကျနော့်ကိုစောင့်နေနော်"
"ဘာလို့လဲ?"
"ဦးဂျယ်နဲ့မစားရတာကြာပီမို့...နော်!"
"အင်းအင်း"
"တာ့တာ...သွားတော့"
"ဟဟ ဟုတ်ကဲ့ပါဗျာ"
~~~
"ဦးဂျယ်!!!"
"ဝင်ခဲ့လေ ကလေး"
တံခါးပေါက်ဝကနေ ခေါင်းလေးပဲ ထွက်ပြီး အထဲကိုချောင်းနေတဲ့ပုံလေးက ချစ်စရာကောင်းလိုက်တာ။
တစ်လှမ်းချင်းလျှောက်လာပြီး ထိုင်ခုံပေါ်ဝင်ထိုင်တဲ့ပုံလေးကိုကအစ ချစ်နေရတာ
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!