Part (29)

893 72 13
                                        

Taeyong's POV

မနေ့ညက အဖြစ်အပျက်တွေက ချက်ချင်းကြီးလိုပဲ ဘယ်လိုပြီးသွားခဲ့မှန်းမသိတာ။ ကျနော်လည်း အထိန်းအကွပ်မဲ့ ပါးစပ်က အသံတွေတစ်ခုပြီးတစ်ခုအော်နေခဲ့တာ လည်ပင်းတောင် နာတယ်

ကျနော် သိတယ်။ မနေ့ညက ဦးဂျယ် တစ်ခေါက်တည်းနဲ့ပြီးချင်တာ မဟုတ်ဘူးဆိုတာကို...။
ဘာလို့မှန်းမသိ အဲ့လိုခံစားနေရတယ်....
ကျနော့်ဘက်ကမျက်ရည်တွေဝဲပြီး အသံတအားထွက်ခဲ့လို့ သူလျှော့ပြီး တစ်ခေါက်တည်းနဲ့အိပ်ခဲ့တာ။
သူပြောတယ်လေ 'ဟိုရေတွေကြောင့်ဖြစ်သွားတာ'တဲ့။ အဲ့လိုဆေးတွေက ဘယ်လိုလုပ်တစ်ခေါက်တည်းနဲ့ ပြီးမလဲ? ကျနော်လည်းသိတာပေါ့။ တော်သေးတာပေါ့ ဦးဂျယ် ကျနော့်ကို ညှာလိုက်လို့

မျက်လုံးနှစ်လုံးဖွင့်လိုက်တော့ ချစ်ရသူရဲ့မျက်နှာဖောင်းဖောင်းကြီး မြင်ကွင်းရှေ့မှာ အတိုင်းသား။
မနေ့က ပြီးပြီးချင်းဒီတိုင်းအိပ်ခဲ့ကြတာဆိုတော့ အဝတ်အစားကလည်းပါဘူး။ အခန်းထဲကို တစိုးတစဝင်နေတဲ့ နေရဲ့အလင်းရောင်နဲ့ သူ့မျက်နှာကြီးနဲ့ ရင်ခွင်ကြီးကို အကြာကြီးကြည့်နေမိတယ်

ကျနော်ကြည့်နေတုန်းမှာ ဖတ်ခနဲ ဖွင့်လာတဲ့ သူ့မျက်လုံးတွေကြောင့် အမြန်အကြည့်လွှဲလိုက်ရတယ်။ သူ့ကို ကြည့်နေတာ လက်ပူးလက်ကြပ်မိသွားတော့ သူက ရယ်ပြီး ကျနော့်ခေါင်းကိုသူ့နားဆွဲသွားတယ်
ကျနော်နဲ့ သူနဲ့ 2cm လောက်ပဲဝေးနေတယ်။ ဘယ်လောက်တောင်နီးလဲဆိုရင် အသက်ရှူသံတွေကြားနေရတာ အသာထား။ သူ့ပါးပေါ်ကမွှေးညင်းပေါက်တွေ ကျနော့်ပါးပေါ်လာရိုက်နေတဲ့ အထိပဲ။

"အိမ်ပြန်တော့မှာလား?(whisper)"

သူ့ရဲ့ အက်ကွဲကွဲအသံနဲ့ ကျနော် ကြားရရုံလေးလာမေးတယ်။ ရင်ခုန်လိုက်တာ

"ပြန်မယ်လေ...ဒီမှာ လည်စရာမှမရှိတာ ဟုတ်တယ်မို့လား?!!"

ကျနော်က နှုတ်ခမ်းစူပြီးပြောလိုက်တော့ စူထားတဲ့နှုတ်ခမ်းက သူ့အတွက်လိုပဲ။ ပိုင်စိုးပိုင်နင်းနဲ့ လာနမ်းသွားတယ်

"အဲ့ဒါဆို အမေတို့ဆီ အရင်သွားမယ်"

"ဟုတ်!"

Uncle Jae (Complete)Where stories live. Discover now