Taeyong's POV
ဦးဂျယ်ကို ခွဲစိတ်ခန်းကိုတစ်ယောက်တည်းလွှတ်လိုက်တာ ၃နာရီလောက်ရှိနေပီ။ကျနော်လည်းပဲ အခန်းရှေ့မှာစောင့်နေခဲ့တာ။ သူ..သူတစ်ယောက်တည်းရယ်။ မဖြစ်ဘူးလေ...မဖြစ်ဘူး။ ကျနော်ကတော့ မဖြစ်ဘူး။ သူမရှိလို့ကို မဖြစ်တာ။ ကျနော့်ဘဝမှာ သူ့မရှိတော့ဘူးဆိုတာကို တွေးလိုက်ရရုံနဲ့တင် ကျနော် ရူးမှာ။
"Taeyong..."
Tenရဲ့အသံဆိုတာကို သိနေတာမို့ ချက်ချင်းထလိုက်ပြီး ပြေးဖက်လိုက်တယ်
"Ten....ငါ..ငါ ဘယ်လိုလုပ်ရမလဲ*sobbing*"
"Shh~~မင်း အပြစ်မဟုတ်ဘူး.. ခု ငါလည်း ရောက်လာပြီ Taeyong.. စိတ်ကိုလျှော့"
"ဘာလို့စိတ်ကို လျှော့ရမှာလဲ? အဲ့ဒါငါ့အပြစ်! တကယ့်ကို ငါ့အပြစ်!! ငါ..ငါ သွားခိုင်းလိုက်တာ...*sobbing* ငါ တကယ်လိုချင်တာလည်း မဟုတ်ဘဲ သက်သက်မဲ့ ငါ ခိုင်းမိလိုက်တာ..*sobbing*ငါသာ အဲ့လိုမလုပ်ခိုင်းခဲ့ရင် အခုချိန်မှာ ဦးဂျယ်က--"
ကျနော့် စကားတွေ မဆက်နိုင်အောင်ကို လည်ပင်းထဲမှာ တစ်ခုခုက စို့တက်လာတယ်။ ကျနော် ဒီလိုပုံစံနဲ့ ဘယ်လိုရှေ့ဆက်နေရမလဲ
"Taeyong!! တော်တော့... အခုချိန်မှာ မင်း ခေါင်းအေးအေးထားပြီး စဉ်းစားသင့်တယ်။ မင်း အဲ့လောက်မတုံးဘူးဆိုတာ ငါသိတယ်!"
သူ ဘာတွေလာပြောနေတာလဲ? တကယ်ဆို အကုန်ခြုံငုံစဉ်းစားကြည့်ရင် ဦးဂျယ်ကို ကျနော်..လုပ်ခဲ့မိတာ
ကျနော် Tenကို ဖက်ထားရင်း ဆက်ငိုနေမိတယ်။ အတော်ကြာတော့မှ သူက ကျနော့်ကိုပြန်ထိုင်ခိုင်းပြီး သူနဲ့အတူပါလာတဲ့ Johnnyကို တစ်ခုခုပြောပြီး ပြန်ခိုင်းလိုက်တယ်
"Ten..အရမ်းနာကျင်ရတယ် သိလား? ငါ့မျက်စိရှေ့မှာတင် ပြုံးပြနေတဲ့ လူတစ်ယောက်က ချက်ချင်းကြီး ခုလို ဖြစ်ပျက်သွားတာ...*sobbing* အရမ်း မြန်ဆန်လွန်းတယ်ဟာ"
"Taeyong...မင်း အရမ်းခံစားနေရတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းကိုမင်း အပြစ်တင်နေလို့ ဘာထူးမှာလဲ? အခုချိန်မှာ ဖြစ်လာမယ့် ပြဿနာတွေကို မင်းကောင်းကောင်းရင်ဆိုင်ဖို့ပြင်ဆင်ထားသင့်တယ်။ CEO Jeongလည်း မင်းကို ဒီလိုပုံစံနဲ့ မြင်ချင်မှာမဟုတ်ဘူး"

YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!