Part (33)

752 81 9
                                        

Taeyong's POV

"ငါ မင်းကိုမပြောခဲ့ဘူးလား? ရန်ဖြစ်တာဘာညာမကြားချင်ဘူးလို့!"

Doyoungက အိမ်ထဲကို လူတောင် ရောက်မလာသေးဘူး အပေါက်ဝကနေကို လှမ်းအော်ပြီးပြောနေတယ်

"ငါလည်း မတတ်နိုင်ဘူးလေ..ပြီးတော့ အခု ဒီကိစ္စမှာ ငါလည်း အလျှော့မပေးခဲ့ဘူး။ ဘယ်လိုနည်းနဲ့မှ ပြန်မချော့နိုင်ဘူး။ အဲ့လူကြီး!! သူအရင်လာချော့မှ ကျေနပ်မှာ"

"နေပါဦး မင်းတို့ရန်ဖြစ်တာရန်ဖြစ်တာပေါ့၊ ငါတို့က ဘာလို့ကြားကနေ ဝင်ခံနေရတာလဲ?"

"အိမ်က ဟိုလူကြီးလုပ်လိုက်လို့ နေလို့မရတော့ဘူးလေ...အဲ့ဒါကြောင့်လာနေတာလို့သဘောထားလိုက်ပေါ့ကွာ.. ၁ပတ်ပဲနေမှာကို"

"၁ပတ်? ၁ပတ်ကြီးများတောင်??"

"အင်းလေ ဘာဖြစ်လို့လဲ? Doyoungရာ..ကူညီပါနော်"

*sigh*

Taeyong's POV END

                                      ***

#Narration#

Taeyongတစ်ယောက် Doyoungအိမ်မှာ နေတာ ၅ရက်လောက်ရှိနေပီ။ Doyoungခမျာ သူ့ကောင်မလေးနဲ့ ကောင်းကောင်းလည်း မတွေ့ရ။ Taeyongကို ရှောင်နေရတာနဲ့တင် ပြီးပြီးနေတော့ ကြာလာရင် သူ မလွတ်လပ်တော့ဘူးဆိုတာ သိလာလေသည်။ ထို့အတူ Johnnyတို့အိမ်မှာလည်း Jaehyunကြောင့် Johnnyမှာ ဒုက္ခမျိုးစုံခံနေရလေသည်။ သူ့မိသားစုတွေ Jaehyunကို မြင်မှာစိုးပြီး ဖုံးတစ်လှည့် ဖိတစ်လှည့်နဲ့ လုပ်ပေးနေရင်း ကြာတော့ စိတ်ကျဉ်းကျပ်လာလေသည်

📱"Ten!!"

နောက်ဆုံးတော့ Johnnyမနေနိုင်၍ Tenကို ဖုန်းဆက်လိုက်ခြင်း

"Johnny hyung ပြော!"

"Tenရေ..မင်း ကြားပြီးပြီလားတော့ မသိဘူး။ မင်းသူငယ်ချင်းတို့အတွဲလေ..သူတို့အိမ်ပေါက်တာနဲ့ပတ်သက်ပြီး ရန်ဖြစ်တာ အခုထိမခေါ်ကြသေးဘူး။ မခေါ်တာထားဦး ငါ့မှာ အခုဒုက္ခမျိုးစုံနဲ့။ ငါက အိမ်မှာ Jaehyunကို ဖွက်ထားတာကို အခုအမေတို့အိမ်လာလည်တော့ ငါ့ကိုဘာပြောတယ်ထင်လဲ? အိမ်မှာ ကောင်မလေးထားထားတာလားတဲ့! ငါ့ကို မကောင်းတဲ့ကောင်လို့ထင်တော့မှာပဲ"

Uncle Jae (Complete)Where stories live. Discover now