Taeyong's POV
"Taeyong..မျက်နှာလည်းမကောင်းဘူး"-Ten
"ဟင်းးးးး " သက်ပြင်းရှည်ကြီးပဲချပေးလိုက်ပြီး Tenရဲ့ အဖြေကိုခေါင်းရမ်းပြလိုက်တယ်
"ဘာဖြစ်နေတာလဲ? ကောင်မလေးက ထားသွားလို့လား?"-Doyoung
"အေးကွာ မရှိတဲ့ ကောင်မလေးက ထားသွားရင်တောင် ထ ကနိုင်သေးတယ်.."
Doyoungရော Tenရော နားမလည်တဲ့ မျက်လုံးတွေနဲ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ ဟုတ်တယ်လေ ကျနော့်ရဲ့ ဒီလိုပုံစံကိုသူတို့မှမမြင်ဖူးတာ
"ဒီလိုကွ~~"
ကျနော်က စကားစလိုက်တော့..သူတို့လည်း အရှေ့နည်းနည်းတိုးလာပြီး စိတ်ဝင်တစားနားထောင်ပေးကြတယ်။
"ငါ အရင်ရှင်းအောင်ပြောပြမယ်နော်။ ငါ strawberry milkထွေးခဲ့တဲ့ လူက ရှိတယ်လေ..အဲ့လူက ဟို NCT groupကလူကြီး။ Jeong Jaehyun...သူက ငါinterviewရတာလေ Doyoung! မင်းခိုင်းလို့။ အဲ့ဒါကိုမှ သူက Markရဲ့ အစ်ကို၊ မနေ့က ငါ့တို့ကို ကားမောင်းပြီး အိမ်လိုက်ပို့တဲ့သူ"
"ဟမ်"-Ten, Doyoung
ကျနော်ပြောတာ ရှုပ်သွားလား
သူတို့လည်း နားမလည်ဘူး"ဟာကွာ...ငါ strawberry milkထွေးခဲ့တဲ့ သူ၊ ငါ interviewရမယ့်သူ၊ မနေ့ကအိမ်ကိုပြန်လိုက်ပို့ပေးတဲ့ သူ၊ Markရဲ့ အစ်ကို သူတို့အကုန်လုံးက လူတစ်ယောက်တည်းပဲ Jeong Jaehyun!!"
"ဘာ???"-Ten,Doyoung
အမယ်လေး ဒင်းတို့ကလည်း စကားလုံးတွေများ တိုက်ထားကြသလား
"မင်း..အဲ့ဒါဘယ်လိုလုပ်တော့မှာလဲ?"-Doyoung
"Interviewကိစ္စလား?ငါ့ကို ဒီနေ့ခေါ်မယ်ဆိုပြီး မနေ့တုန်းက ဖုန်းနံပါတ်တောင်းသွားတာ။ ငါကလည်း ငါမလုပ်တော့ဘူး Tenလုပ်မယ်ဆိုတာ မပြောခဲ့ရဘူး"
"ဒါဆို ဒီနေ့လုပ်ကြမှာပေါ့။ ကောင်းတယ် အမှားမပါစေနဲ့နော်။ ငါကTenထက် မင်းကိုပိုယုံတာ"-Doyoung
*ဖတ်*
"ဟေ့ကောင် ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး သေတွင်းထဲကျတော့မှာကို မင်းက ငါ့ထက်ယုံတာလုပ်နေသေးတယ်"-Ten
"အာ..ဘာလဲ?milkထွေးခဲ့မိတဲ့ ကိစ္စလား?တောင်းပန်လိုက်လေ Lee Taeyong!!"-Doyoung
![](https://img.wattpad.com/cover/165150076-288-k331089.jpg)
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!