A few months later~
Taeyong's POV
"Taeyong..ဒီကိစ္စကို အမျိုးသားသိလား?"
ဆေးစစ်ချက်တွေကို လက်မှတ်ထိုးဖို့ပေးရင်း ဆရာဝန်ကြီးက ကျနော့်ကိုလာမေးတယ်
ကျနော်က ခေါင်းခါပေးပြီး အဖြေပေးလိုက်တော့ သူ့ဘက်က မကျေမနပ်နဲ့ကြည့်လာတယ်"မင်း ဒီဟာက တစ်ယောက်တည်းလုပ်နိုင်တဲ့ကိစ္စမှမဟုတ်တာ။ ဒီ့ထက်ပိုပြီးရင့်မာလာရင် အမျိုးသားအကူအညီယူရတော့မှာ။ ပြောလိုက်တော့ မဟုတ်ရင် ဒီဗိုက်က နောက်ဆိုထွက်လာပြီး ဘူးပေါ်သလိုပေါ်တော့မှာ"
ဟုတ်ပါတယ် ကျနော် ကိုယ်ဝန်ရှိနေပြီ
ကိုယ်ဝန်ရှိနိုင်ခဲ့ပြီလို့ပြောရင် ပိုမှန်လိမ့်မယ်
ဘာဖြစ်လို့ဆိုရင် ကျနော့်ရဲ့ပြင်းပြတဲ့စိတ်ကြောင့်နဲ့ ဆရာဝန်ကြီးရဲ့ ကျေးဇူးကြောင့် ဒီလိုရခဲ့တာ။
ဆရာကပြောတယ် ဒါဟာအခန့်မသင့်ရင် အန္တရာယ်အရမ်းရှိတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော် မပူပါဘူး။ ဦးဂျယ်အတွက်ပဲဟာကို။ဦးဂျယ်က လိုချင်တယ်လို့ ပြောတုန်းက အရမ်းစိတ်မကောင်းဖြစ်ခဲ့ရတာ။ အခုတော့ အဆင်ပြေသွားပြီလေ
ဒီနေ့ကိုပါ ထည့်တွက်ရင် ကျနော့်ဗိုက်ထဲမှာ ကလေးလေးရောက်နေတာ ၂လရှိပြီ
နောက်ဆို ဗိုက်ထွက်လာတော့မှာလို့ပြောတယ်"ဟုတ်ကဲ့ပါ ကျနော် ပြောလိုက်ပါ့မယ်"
ကျနော်က ပြုံးရင်းရယ်ရင်းနဲ့အဖြေပေးလိုက်တော့မှ စိတ်ချသွားတဲ့ ဆရာ။
~~~
"ဦးဂျယ်..."
စာဖတ်ခန်းထဲမှာ ခါတိုင်းလိုပဲ အစဉ်အလာမပျက် အလုပ်ရှုပ်နေတဲ့ ကျနော်ချစ်ရတဲ့သူကြီး။ မျက်မှန်ကြီးကိုတပ်ပြီး စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်လှန်လိုက်၊ desktopကို မျက်မှောင်ကြုပ်ပြီးကြည့်လိုက်နဲ့ အလုပ်တွေရှုပ်နေတယ် ကျနော်ခေါ်တာတောင် မကြားတဲ့အထိ။
"ဦးဂျယ်" *knock knock*
"ဟင်! လာလေ ကလေး! ဘာလို့ခေါက်နေတာလဲ?"
"ဟိုဟာ.."
သူကတော့ ကျနော်ပြောတာကိုပဲနားထောင်မယ့်ပုံစံနဲ့ သူလုပ်နေတာတွေကို မရပ်သေးဘူး

YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!