Taeyong's POV
"ကလေးလေး..ထတော့လေ...အိမ်မပြန်တော့ဘူးလား"
လေညင်းသံလေးလိုနားထဲခပ်တိုးတိုးဝင်လာတဲ့ အသံကြောင့် မျက်လုံးကိုအားခဲဖွင့်လိုက်တော့ ချိုမြိန်လှတဲ့ပါးချိုင့်ထင်းထင်းနဲ့ မျက်နှာကြီးကကြိုဆိုနေတယ်။
ကျနော် သူ့လက်မောင်းပေါ်မှာအိပ်ပျော်နေခဲ့တာပဲ။ တော်တော်နာပြီးညောင်းနေတော့မှာပဲ။ သူ အိပ်တောင်အိပ်လိုက်ရသလားမသိဘူး"ဦးဂျယ်...ဘယ်နှနာရီတောင်ရှိပြီလဲ"
"ညနေခင်းလောက်တော့ ရှိလောက်ရောပေါ့.."
ကျနော့်ကိုပြုံးပြီးကြည့်နေတဲ့ ဒီလူကြီးရဲ့မျက်နှာက နေ့လယ်ကနဲ့တော့ တခြားဆီ။
ကျနော်လည်း ခါးတွေနာနေပြီး အညောင်းဆန့်လိုက်တော့ သူက'အ'ဆိုပြီး တိုးတိုးလေးအော်လိုက်တယ်"ဦးဂျယ်? ဘာဖြစ်လို့လဲ..အာ....ဟုတ်သားပဲ။ လက်မောင်းကြီးနာနေတာမို့လား? အဲ့ဒါများစောစောနှိုးလိုက်တာ မဟုတ်ဘူး"
ထသွားမလို့လုပ်တာကို ခေါင်းကိုပြန်ကိုင်ပြီး သူ့ပေါ်ကိုပြန်ဆွဲချတယ်။ ဒီတစ်ခါတော့ လက်မောင်းပေါ်ကိုမဟုတ်ဘူး။ လက်မောင်းရင်းနဲ့ သူ့ရင်ဘတ်အစွန်းဆုံရာနေရာမှာ ကျနော့်ခေါင်းကိုထားထားတာ။ အရင်က အင်္ကျီနဲ့ခံထားတာတောင် ကြားနေရတဲ့ သူ့ရဲ့နှလုံးခုန်သံကြီးက ခုလိုဘာမှမပါတော့ပိုကျယ်လောင်နေတယ်။သူ့ရင်ဘတ်နားနဲ့နီးနေတော့ သူအသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည်ဖြစ်သွားတာကိုလည်း ကျနော့်ခေါင်းကလိုက်ခံစားနေရတယ်။ ကျနော် သူ့ရင်ခွင်ထဲရောက်ရင် သူ့အကျင့်ဖြစ်တဲ့ ကျနော့်ဆံပင်တွေကိုလက်နဲ့ဖွလိုက် သပ်လိုက်နဲ့လည်းလုပ်နေခဲ့တယ်။
"ဦးဂျယ်..."
"Hmm?"
"..."
"ပြောလေ..ကလေး"
"မပြောချင်ဘူး...ဒီတိုင်း ခေါ်နေရတာ သဘောကျလို့"
ကျနော့်အပြောကို သဘောကျစွာနဲ့ အော်ရယ်နေတယ်
"ကလေး.."
"ဟင်?"
"ကျေးဇူးတင်တယ်"
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!