Taeyong's POV
"ဦးဂျယ်..ထတော့~~"
ပြတင်းပေါက်ကကျနေတဲ့နေရောင်ခြည်နဲ့ ဖြူဖွေးလွန်းတဲ့သူ့ရဲ့အသားအရေဟာ လိုက်ဖက်လှသောပါပဲ။
အဲ့ဒီ့ဖြူဖွေးပြီး ကျနော်ချစ်တဲ့ မျက်နှာကြီးမှာ နှုတ်ခမ်းဖူးဖူးတစ်စုံကလည်း လှလှပပနဲ့ရှိနေတယ်
မနက်စောစော ဘာအသံမှမကြားရတဲ့အချိန်မှာ သူ့ရင်ခွင်ထဲမှာ နိုးနေတဲ့ ကျနော့်အတွက်ကတော့ သူရဲ့ဝင်သက် ရှိုက်သက်သံတွေက မနက်ခင်းတေးတစ်ပုဒ်အလား.."ထတော့လို့!!"
ကျနော်စိတ်မရှည်စွာအော်လိုက်တော့မှ အညောင်းဆန့်သံတွေနဲ့ နိုးလာတယ်
"ကလေးလေး..morning"
ကျနော်သဘောအကျဆုံးသူ့ရဲ့ ပါးချိုင့်ထင်းထင်းအပြုံးကြီးတွေ..နဲ့ အတူ ခေါင်းကိုငုံ့လာတယ်
"ဘာလုပ်တာလဲ"
"morning kissလေ"
"အာ..ဖယ်စမ်းပါ။ အနမ်းမခံချင်ပါဘူး အာပုပ်နံ့တွေနဲ့ ><"
"ဒါဆို သွားတိုက်ပြီးရင် နမ်းရမယ်ပေါ့"
*ဖတ်*
ကျနော် သူ့ရင်ဘတ်ကိုခပ်ကြမ်းကြမ်းလေးရိုက်ပစ်လိုက်တော့ ပြန်ရယ်ပြနေတယ်။ တကယ်ပါ ဒီလူကြီးကိုချစ်ရတာအရမ်းကံကောင်းတယ်
"စောစောစီးစီး နမ်းဖို့ပဲတွေးနေတာ..လာ ထ! အမေနဲ့အစ်မက ဈေးသွားတာနေမှာ အသံမကြားရဘူး။ Rubyကိုပါ ခေါ်သွားပြီနေမှာ"
ကျနော်ကအရင် ခုတင်ပေါ်က ဆင်းလိုက်ပြီး ပြောပြတော့ သူက ငုတ်တုတ်ကြီး ထထိုင်လိုက်တယ်
"ဒါဆို ကိုယ်တို့နှစ်ယောက်တည်းအိမ်မှာပေါ့"
"အင်းလေ...ဦးဂျယ် မဟုတ်တာတွေတွေးမနေနဲ့ လာလို့!မျက်နှာသစ်မယ်"
ကျနော်တို့အိမ်က ရှေးအိမ်ပုံလေးဆိုတော့ ဘေစင်တွေဘာတွေမရှိပါဘူး။ တပ်ပေးမယ်လို့ပြောတော့လည်း အဖေက ရှေးအမွေအနှစ်တိုင်းနေချင်တယ်ဆိုလို့ ဒီတိုင်းထားထားတာ။ ခုလည်း မျက်နှာသစ်ဖို့ဆိုတော့ ရေထည့်ထားတဲ့ အင်တုံတစ်ခုမှာပဲသစ်ရတယ်။ရေခွက်နဲ့ကိုယ်တိုင်ခပ်ပြီးသစ်ရတာလေ။ ရေပိုက်မရှိဘာမရှိဆိုတော့ တစ်ယောက်သစ်ပြီးတာကိုတစ်ယောက်စောင့်နေရတယ်။

YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!