Part (12)

919 99 7
                                    

Taeyong's POV

အပြင်ဘက်မှာစောင့်ဆိုလို့ စောင့်နေလိုက်တာ ၃နာရီလောက်တောင်ရှိပြီး ကျော်နေပြီ။ အိပ်တောင်ပျော်သွားသေး။ ခုထိဦးဂျယ်လည်းထွက်မလာသေးဘူး။ အတွင်းရေးမှူးမမတောင် ရုံးဆင်းသွားပြီ။ နာရီကြည့်လိုက်တော့လည်း ညနေ ၆နာရီတောင်ရှိနေပီ။ အိမ်ပြန်သင့်နေပြီ။

ကျနော်လည်း ကုန်းရုန်းထပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပြန်သပ်တင်လိုက်တယ်။ ပြီးတော့ ဦးဂျယ်ရဲ့ အခန်းတံခါးကို ဖြည်းဖြည်းလေးဆွဲလှည့်ပြီးဖွင့်လိုက်တော့ ဦးဂျယ်မှာ desktopကြီးကို အားရပါးရ အာရုံစိုက်ပြီးကြည့်နေတာ ကျနော် ဝင်လာတာကိုမမြင်ဘူး။ ဝင်ဝင်ချင်းရလိုက်ရတဲ့ အနံ့အသက်ကမကောင်းဘူး။ ဆေးလိပ်နံ့ကြီး။ ဦးဂျယ်ကိုသေချာကြည့်လိုက်တော့ ဘယ်ဘက်လက်မှာ  ကိုင်ထားတဲ့ဆေးလိပ်ကြီးက အငွေ့တထောင်းထောင်းနဲ့။ သူပြောဖူးတယ်မို့လား သူ stressများရင် ဆေးလိပ်သောက်တယ်တဲ့လေ

"ဦးဂျယ်..."

ကျနော်ခေါ်လိုက်တော့မှ ကျနော့်ကိုမြင်သွားပြီး သူ့လက်ထဲကဆေးလိပ်ရဲ့ ထိပ်ပိုင်းမီးစကို ပြာခွက်နဲ့ အတင်းချေပစ်ပြီး မီးငြိမ်းပစ်တယ်

"ကလေး..စောင့်နေရတာ ပျင်းနေပြီလား။ ဦးဂျယ် ဒါလေးစောင့်ကြည့်ပြီးရင် ပြန်ကြ--"

"ဦးဂျယ် ဆေးလိပ်တွေ..."

"Hmm?"

"ဆေးလိပ်တွေ မသောက်ပါနဲ့လား?"

"Taeyong..."

"ကျနော်သိတယ်။ ဦးဂျယ်stressများလို့ သောက်တယ်ဆိုတာ..ဒါပေမယ့် ဦးဂျယ်အတွက်မှ မကောင်းတာ။ မသောက်ပါနဲ့လားဟင်"

"ကိုယ်..ကိုယ် ဆင်ခြင်ပါ့မယ်"

"ဆင်ခြင်တာနဲ့မပြီးဘူးလေ..ဖြတ်ပါဖြတ်ရမှာ! ဘာလဲ? Yeriကြောင့်လား ဟုတ်လား? သူရောက်လာတော့ stressတွေများသွားတယ်ပေါ့။ ပြောတော့ သူနဲ့ပြီးသွားပြီဆို ဘာလို့ stressတွေရနေတာလဲ?huh?ပြောလေ"

"..."

"ဦးဂျယ်.. ကျနော် ငြိမ်နေတာကိုမလိုချင်ဘူး!!ကျနော်က အဖြေကိုကြားချင်နေတာ..အဖြေ!"

ကြာတော့ ကျနော်လည်း ခံစားချက်တွေများလာပြီး သူ့ကိုမပြောသင့်တဲ့ အရာတွေပါထွက်သွားတယ်

Uncle Jae (Complete)Where stories live. Discover now