အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် _ Extra
နှင်းထန်သည်21 ရာစုကိုပြန်ရောက်လာသည်ကို မယုံနိုင်အောင်ဖြစ်နေမိသည်။ ချူးချူးနှင့် ပါရှားဘက်မှပညာရှင်များစီမံသည့် စက်မှ လူတစ်ဦးကိုသာ အချိန်စက်ဝိုင်းကိုဖြတ်သန်းနိုင်သည်ဆိုစေဦး21 ရာစုကို တည့်တည့်မတ်မတ်ပြန်ရောက်မည်ဟု အာမ မခံနိုင်ပေ။ မတော် ကျောက်ခေတ်လည်းရောက်သွားနိုင်သည်။အီဂျစ်ခေတ်ကို ရောက်သွားပြီး ဖာရိုဘုရင်များ၏ င်္သချိုင်းကို ဆောက်လုပ်နေသည့် ကျွန်လည်းဖြစ်သွားနိုင်သည်။ အမေဇုံ လူရိုင်းမကြားရောက်ပြီး မျိုးပွားပြီး သတ်ဖြတ်ခြင်းလည်း ခံရနိုင်သည်။သို့ပေမယ့် မွန်ဂိုခေတ်မှာ ပိတ်မိပြီး ကမာ့ကို တမ်းတပြီး သေဆုံးသည်အထိ မနေချင်သောကြောင့်မျက်စိစုံမှိတ်ကာ ထွက်လာရန်ဆုံးဖြတ်လိုက်သည်။
ပါရှားပညာရှင်များစီမံထားသည့် စည်းဝိုင်းကြား ရပ်နေစဉ် ဘုရားတနေမိသည်။ ထိုစဉ် မိမိတို့နှင့် မနီးမဝေးမှအပြာရောင် အလင်းတောက်ပလာပြီး လူနှစ်ဦး ပေါ်လာတော့သည်။ ဘယ်ဘုံမှ နတ်ဘုရားများကြွလာတာလဲဟုတွေးနေစဉ် မိမိချစ်သည့် မိုးစက်၏ အသံကိုကြားလိုက်ရပြီး ပြေးဖက်ခြင်း ခံလိုက်ရစဉ်နှင်းထန် ဝမ်းသားလွန်းလို့ မျက်ရည်ပင် ကျချင်ချင်ဖြစ်လာမိသည်။
"အကိုလာ....."
မိမိဘာမှမစဉ်းစားနိုင်ခင် မိုးစက်က မိမိလက်ကို ဆွဲကာ သူ နဂိုပေါ်လာသည့် နေရာကို ဆွဲခေါ်သွားသည်။မိမိနှင့် ဘေးချင်းအဖြတ် ကမာ၏ ချစ်လှစွာသော အကိုကြီးဆိုသည်ကို တချက်စောင့်ငဲ့ကြည့်လိုက်မိသည်။ကမာသည် မိမိကို လှည့်မကြည့်အားအောင်ပင် သူ့ချစ်သူကို ပွေ့ဖက်ပြီး အငမ်းမရနမ်းရှိုက်နေသဖြင့်နှင်းထန်ပြုံမိသည်။ အားလုံးကို ကပျာကယာ နူတ်ဆက်ပြီးနောက်မိမိတို့ရပ်နေသည့် စည်းဝိုင်းထဲမှ အပြာရောင် အလင်းတောက်ပလာပြီး ပြွန်ခေါင်းကြီးတစ်ခုထဲဖိနှိပ်ခံလိုက်ရသလိုလို ခံစားလိုက်ရပြီး ချက်ချင်း ကားသံများနှင့် လျှပ်စစ်မီးရောင်များကိုမြင်လိုက်ရသည်။ အရိုင်းဆန်သည့် လေနှင့်ကွာခြားလှသည့် မီးခိုးငွေ့ပေါင်းစုံ ရောနေသည့်21 ရာစု၏ လေကို အဆုတ်နှင့်ပြည့်အောင် ရှုသွင်းလိုက်ပြီး မိုးစက်ကို ပျော်ရွှင်စွာ ပွေ့ဖက်မွှေ့ရမ်းလိုက်တော့သည်။
"နေဦး..အကိုနှင်းထန် ကျွန်တော် ပြောစရာရှိသေးတယ်"
မိုးစက်ကနှင်းထန်၏ လက်ထဲမှ အတင်းရုန်းဆင်းကာ တည်ကြည်စွာပြောလာသဖြင့် နှင်းထန် ရင်ထိတ်သွားသည်။မိမိပျောက်ကွယ်သွားသဖြင့် မိုးစက် စိတ်ဆိုးနေသလားဟု တွေးနေစဉ် မိုးစက်က ခြေဖျားထောက်ကာမိမိပါးကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ကာ မျက်လုံးကို စေ့စေ့ကြည့်လိုက်သည်။
"မိုးစက်..ကိုယ်တောင်းပန်ပါတယ်။ နောက်ခါ မင်းကို ဘယ်တော့မှ မဖြစ်စေရ..."
နှင်းထန်၏စကား ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ မထင်မှတ်ထားသည့် အနမ်းနွေးနွေးက မိမိနူတ်ခမ်းပေါ်ရောက်လာသဖြင့် နှင်းထန် မိမိပတ်လည်မှ လူများကို မေ့ကာ မိုးစက်၏ ဂုတ်ကို လက်တဖက်နှင့်ချုပ်ကာ သည်းသည်းမည်းမည်း လွမ်းဆွတ်စွာ နမ်းတော့သည်။ နှစ်ယောက်သား နမ်းနေကြစဉ် အနားမှလူများကအလိုက်တသိဖြင့် ထွက်သွားကြသည်။
မိုးစက်သည်အကို့ကို အားရအောင် နမ်းပြီးမှ ပြောလိုက်သည။်
"ကျွန်တော်အကို့ကိုချစ်တယ်။ နောင် အကို ဘယ်ကိုသွားသွား ကျွန်တော် လိုက်ခဲ့မယ်... ဘယ်တော့မှ မခွဲတော့ဘူး..."
နှင်းထန်ထိုစကားကိုကြားသော် ငုတ်တုတ်မေ့မတတ်ဖြစ်သွားရပြန်သည်။ မိုးစက်ဘက်က မတုန်မလှုပ်နေလျှင်ပင်မိမိ၏ ချစ်စိတ်က ထကြွရသည့်ကြား ယခုလို ချစ်စရာကောင်းအောင်ပြောတော့ နှင်းထန်၏ ကိုယ်ထဲမှတစ်စုံတစ်ရာက ချက်ချင်းနိုးထလာတော့သည်။
"ကိုယ် မင်းကို လိုချင်နေပြီ"
"ကျွန်တော်ရောပဲ....အိမ်ကိုပြန်ကြစို့..."
နှစ်ယောက်သားပြုံးကာကြည့်နေသည့် စနေကို အမြန်နူတ်ဆက်ကာ အိမ်ကို အပြေးထွက်လာတော့သည်။ စနေက နားလည်စွာပြုံးကာကြည့်နေလိုက်သည်။
----------------------
ချူးချူးတို့အားလုံးသူတို့တဲစခန်းသို့ပြန်သွားပြီးနောက် ကမာနှင့် တင်တက်ရင်သာ သူတို့ တဲအိမ်းလေးထဲ ကျန်ရစ်ခဲ့ပြီးလွမ်းသမျှကို စစ်ဘုရင်ကြီးက အရယူနေတော့သည်။
"အကိုကြိးကို လွမ်းလို့ ရေးထားတဲ့စာ နောင်တော် နှင်းထန်ဆီပါသွားပြီ..."
"ဟုတ်လား.... အကိုကြီးဆီလည်း ဟိုးအနာဂါတ်ခေတ်က ထူးဆန်အံ့ဖွယ်စက်ကလေးပါလာတယ်။ မနက်မှကမာ့ကိုပြအုံးမယ်"
"ဟုတ်လား။ ကျွန်တော် အခုကြည့်ချင်တယ်."
"အခု မအားတော့ဘူးလေ...လာအုံး..."
တင်တက်ရင်၏ရင်ခွင်အောက် ကမာ တဖန်နစ်သွားပြီး စကားသံတိတ်သွားရပြန်တော့သည်။
ပြီးပါပြီ။
-----------------------------------
![](https://img.wattpad.com/cover/154729645-288-k414229.jpg)