သား...ရန်ကုန်မှာနေရတာအဆင်ပြေရဲ့လား????
"ဟုတ် ပြေပါတယ် အမေ"
"အေးအေး သား မကောင်းတဲ့ သူတွေနဲ့ မပေါင်းနဲ့နော်သား"
"ဟုတ်ကဲ့ မပေါင်းပါဘူး အမေရယ် သားဟာသား တောင် မအားဘူး"
"သား ကမအားရအောင် ဘာလုပ်နေလို့တုန်း"
"အော်...အမေရယ်...သားသင်တန်းသွားရတယ်လေ ပြန်လာတယ် စာလုပ်တယ် သားအခန်းဖော်နဲ့စကားပြောတယ် ဒါပါပဲ"
အော် သားအခန်းဖော်တွေကရော ဘာလုပ်တာလဲ သင်တန်းတတ်နေတုန်းပဲလား ကျောင်းတတ်တာလား???
မွန်လေးစဉ်းစားသွားသည်။ နေလာတာကြာသော်လည်း ဂျိမ်းဘာလုပ်သည် ဆိုတာ မွန်လေးမသိရှာသေးပါ။တစ်ခါပြောစဖူး ကျောင်းသွားရအုံးမည်ကို အမှီပြု၍လိုရာဆွဲသွင်းပြီးရွှီးရွှန်းပြောလိုက်သည်။
"အော် သားအခန်းဖော်က ကျောင်းတတ်တာအမေရ"
"ဟက်ဟက်....ဟက်ဟက်...."
ဆောက်တည်ရာမရ ခြေရာမဲ့ မျက်နှာကို မိခင်ဖြစ်သူ ဒေါ်မေကြည် သည် မရိပ်မိပေ။
သည်လိုနှင့် လေးရက်မြှောက်နေ့ပြန်မည့်ရက်သို့ရောက်၍လာလေပြီ။
"ကယ်ကယ် သမီးရေ....သမီး...ဟား ဒီကလေးမလေးဘယ်ရောက်သွားတာတုန်း"
"ရှန်....မေမေ"
"လာအုံး လာအုံး"
"ဟုတ် လာပီမေမေ"
"ရော့ သမီးအစ်ကို ကို အထုပ်ကူဆွဲပေးလိုက်အုံး မေမေတို့လိုက်ပို့ရအောင် လာ"
ကားဂိတ်ရောက်သောအခါ သားအမိနှစ်ယောက်အလွမ်း သယ်နေကြသည်။ ညီမလေးမှာလည်း ကိုကိုပြန်မည်ဆိုသောအခါ မခွဲနိုင်၍ ငိုယိုပြီး ကျန်ခဲ့လေတော့သည်။ ......................... ။
နောက်တစ်နေ့မနက်...ရန်ကုန်သို့ပြန်ရောက်!
"ဟား မွန် ပြန်ရောက်ပြီပေါ့.....ကိုကအရမ်းသတိရနေတာ"
"အမလေး ညီရောပါပဲ"
"လာ....ရေတူတူချိုးရအောင်"
"အမ်း အစ်ကို အရင်ဝင်နှင့်"
"အေးအေး မြန်မြန်လာခဲ့နော် အစ်ကိုတို့မလုပ်ရတာကြာပြီ"
"အွန်းပါ ... တော်တော်ဖြစ်"
"ဟက်ဟက်...."
ရယ်ရင်းမောရင်း ရေချိုးခန်းထဲဝင်သွားသည်။ ထို့နောက် မွန်လေးလည်း အလောတကြီး ဝင်သွားသည်။ မွန်လေးသည် အထိအတွေ့များအောက်တွင်ရုန်းမထွက်နိုင်အောင်ပင် ခံစားမှုအားကောင်းနေသည်။
"ညီ ဟိုဖက်လှည့်.."
"အွန်း ဘာနဲ့လုပ်မှာလဲအစ်ကို"
"ဆပ်ပြာရှိတယ်လေ"
"အွန်းပြီးရော .... မနာစေနဲ့နော်...ဖြေးဖြေးလုပ်"
"အွန်းပါ... ကယ်လှည့် "
ဒီလိုနှင့် နှစ်ယောက်သား ချစ်တင်းနှောနေကြသည်။ မွန်လေးခမျာ ခရီးပန်းနေသော်လည်း မိမိ၏ ပြင်းပြသော ဆန္ဒကိုမထိန်းနိုင်ပေ။ အဆောင်ရှိရေချိုးခန်းထဲ၌ အသံများသည် မယိုးမယွ နိုင်အောင်ပင် ဆူညံနေလေတော့သည်။
ချစ်တင်းနှောပြီးသောအခါ နှစ်ယောက်သားပင်ပန်းသွားဟန်နှင့် စကားပင်မပြောနိုင် အိပ်မောကျစွာ အိပစက်အနားယူကြရတော့သည်။နောက်တစ်နေ့ညနေပိုင်း!
ဂျိမ်းအပြင်မှပြန်လာသောအခါ မူမဟန်သည့် ဂျိမ်းပုံစံကို မွန်လေးရိပ်မိသဖြင့် ခပ်အေးအေးတစ်ယောက်တည်း နေလေမိသည်။ ဂျိမ်းမှ မူမဟန်သည်မှာ ဆေးသုံးလာခြင်းကြောင့် ဖြစ်သည်။ ထို့နောက်ဂျိမ်းသည် ခပ်ကြမ်းကြမ်း နှင့်ကုတင်ပေါ် လှည်းနေသော မွန်လေးအား...........