အပိုင်း - ၉

638 8 0
                                    

မှောင်မိုက်သောနေရာ...မှိန်ဖြဖြမီးရောင်...ပန်းအီနံ့တို့အစုံအလင်...အငွေ့တရှိုက်ရှိုက်.....!

ဟမ်း...အစ်ကို ဒါဘယ်နေရာလဲ???

"ဒါအစ်ကိုအလုပ်လုပ်တဲ့နေရာ...လာအထဲဝင်"

မွန်လေးခမျာ တောသားပီပီ ဘယ်အရာကိုမျှမသိသဖြင့် စူးစမ်းချင်စိတ်ပြင်းပြနေသည်။ ထို့နောက်ဂျိမ်းမှ....

"ညီ...အစ်ကို့ကိုတစ်ခုကူညီပါ!"

"ဟုတ်....ဘာကူညီရမှာလဲအစ်ကို"

"ရော့...ဒါယူသွား...ပြီးရင်အစ်ကိုလိပ်စာတစ်ခုပေးမယ် အဲ့အတိုင်းသွားပြီးပစ္စည်းလေးပို့ပေး..."

ဟမ်းအစ်ကိုကရော???

"အစ်ကိုက အပြင်ခနသွားအုံးမယ်... ပြီးရင် အဆောင်ကိုပဲညီ့ပါသာပြန်လာလိုက်တော့...တစ်ခုတော့မှာမယ်နော်...ဒီအထုပ်ကိုလုံးဝဖွင့်မကြည့်ပါနဲ့"

"ဟုတ်ဟုတ်အစ်ကို"

ချစ်သူခိုင်းသမျှမငြီးမငြူကောင်းသည် ဆိုးသည်မစဉ်းစား စိတ်ချမ်းသာရာ လုပ်ပေးနေသော မွန်လေး၏အဖြစ်မှာ သနားဖွယ်ရာ ကိစ္စတစ်စုံတစ်ရာနှင့် ကြုံတွေ့လိုက်ရလေသည်။
သွားရာလမ်းတွင်မွန်လေးသည်စူးစမ်းချင်လိုသောစိတ်ဖြင့် ဘယ်အရာဆိုသည်ကိုသိရှိရန်ဖွင့်ကြည့်လိုက်လေသည်။

ဟား...........!

"ဒါ...ဒါ မူးရစ်ဆေးဝါးပဲ ဒုက္ခပဲ ငါဘယ်လိုလုပ်ရမလဲ မဖြစ်ဖူး ပို့ခိုင်းတဲ့နေရာ မြန်မြန်ပို့ရမယ်"

သည်လိုနှင့်မွန်လေး အမြန်ရောက်ရန်အတွက် Taxi ငှားလိုက်သည်။ သို့သော် Taxi ပေါ်တွင် မွန်လေးကိုင်ထားသောအထုပ်မှ ထွက်လာသောရနံ့အား ကားမောင်းသူမှ ရူရှိုက်မိသောအခါ .... မွန်လေးအားတစ်ချက်ကြည့်လိုက်သည်။ မွန်လေးခမျာ ချွေးဇောတွေထွက်ကာ ရုပ်ရည်ဟန်ပန် မှာမူမမှန်။ ထို့နောက် ပစ္စည်းပို့ရမည့်နေရာသို့ရောက်သောအခါ မွန်လေး ခပ်သော့သော့ဆင်းသွားလေသည်။ များမကြာမီ ကားမောင်းသူသည်ရဲစခန်းသို့ ဖုန်းဆက်ကာ သတင်းပေးလိုက်သည်။

" ဟယ်လို.....ရဲစခန်းကလားခမျာ"

"ဟုတ်ကဲ့ပြောပါခမျာ ဘာကူညီရမလဲ"

သည်လိုနှင့်ကောင်းမောင်းသူသည် အကြောင်းစုံပြော၍  သတင်းပေးလိုက်ပြီး နေရာတစ်နေရာတွင် ပုန်းနေသည်။
ထိုသို့သတင်းပေးလျှင် ပိုက်ဆံအနည်းငယ်ရမည်ကို ကားမောင်းသူ သိသောကြောင့် လိုချင်တပ်မက်စိတ် ရမက်ပြင်းပြသောအခါ  သတင်းပေးလိုက်ရချင်းသာဖြစ်သည်။
မကြာမီ အတောအတွင်းတွင်ရဲများ ကားမောင်းသူညွှန်ကြားသည့်လမ်းအတိုင်းရောက်လာပြီး မူမမှန်သူမွန်လေးအား အမိအရဖမ်းမိလိုက်သည်။ ထို့နောက် မွန်လေးအား ရဲစခန်းသို့ခေါ်သွား ကာစစ်ဆေးမေးမြန်လေတော့သည်။ ထိုသို့စစ်ဆေးပြီးသောအခါမိခင်ဖြစ်သူ နေသောရွာသို့ဖုန်းဆက်ရန် အကြောင်းဖန်ပြန်သည်။
"ဟယ်လို ... ဟုတ် မွန်လေးအမေနဲ့စကားနည်းနည်းပြောချင်လို့ပါခမျာ"

ဟုတ်ဘယ်ကလို့ပြောလိုက်ရမလဲရှင်???

"အော်ရဲစခန်းကပါလို့ ပြောပေးပါ အရေးကြီးစရာကိစ္စပြောမလို့ပါခမျာ"

"အော်ဟုတ်ဟုတ် ကိုင်ထားအုံးနော် သွားခေါ်လိုက်အုံးမယ်"

ရွာ၌ဖုန်းသည် တစ်ရွာလုံးမှ တစ်လုံးသာရှိသဖြင့် ဆက်သွယ်ပြောဆိုရင် အလွန်ပင်ခက်ခဲလှသည်။

"ဟေးးးဒေါ်မေကြည်ရေ ....ဒေါ်မေကြည်....ဟေး အိမ်ရှင်တို့!

ချစ်သောနွံWhere stories live. Discover now