"အေးဟေ... နင့်ညီမလေးက လမ်းထိပ်ကအိမ်မှာ"
ကြားကြားချင်း မွန်လေးအပြေးအလွှား သွား၍ရှာလေတော့သည်။
"ညီမလေးရေ ညီမလေး...."
"ဟား.......ကိုကြီး"
ညီမဖြစ်သူမှာ မည်သို့သောအကြောင်းရာမှ ထပ်၍ မပြောနိုင် ဝမ်းနည်းမှုများပြည့်နှက်လျက် အစ်ကိုဖြစ်သူအားပြေး၍ ဖတ်လေသည်။ ထို့နောက်.....
"သတိအရမ်းရတာဘဲ ကိုကိုရယ်.. ညီမလေးကို ထပ်ပြီးတော့ခွဲမသွားပါနဲ့နော်.....ညီမလေးလေ တစ်ယောက်ထဲ အထီးကျန်တဲ့ဘဝမှာမနေချင်လို့ပါ" ငိုရှိုက်သံပါပါ!
"အေးပါညီမလေးရယ် ကိုကိုတောင်ပန်ပါတယ် ညီမလေးရောအဆင်ပြေရဲ့လား ဒီမှာနေရတာ"
"ပြေပါတယ်"
"အေးပါ ညီမလေးရယ်..."
ထိုနောက်ဆိုင်ရှင် အဒေါ်ကြီး အိမ်အောက်သို့ဆင်းလာပြီး!
"ဟဲ့ဘာလာလုပ်တာလဲ ""ညီမလေးကိုလာတွေ့တာပါ..."
"အေးတွေ့ပြီးရင်ပြန်တော့"
"နေပါအုံး ကျွန်တော်မေးချင်တယ်...ဘာလို့ကျွန်တော့ကို မာမာထန်ထန်တွေဘဲ ပြောနေကြတာလဲခမျာ"
မျက်နှာငယ်နှင့်မေးလိုက်သော မွန်လေး၏ စကားသံကြောင့် ဖုန်းဆိုင်ပိုင်ရှင် အဒေါ်ကြီးမှာ ခနတာ ငြိမ်သက်သွားသည်။
"နင့်ကြောင့် နင့်အမေဆုံးသွားတာလေ"
"ဟမ်"
"မဟုတ်ရပါဘူးဗျာ.............."
မျှော်လင့်ချက်မဲ့စွာ ပြန်ဖြေလိုက်သောစကားသံကြောင့်ဖုန်းဆိုင်ပိုင်ရှင်အဒေါ်ကြီး အံ့သြ စွာဖြင့်
"အေးဟေ ရဲစခန်းကနေဖုန်းဆက် ပြီး အပြောမှာဘဲ နင့်အမေအမောဖောက်ပြီးဆုံးသွားတာ"
ထိုစကားသံကြောင့် မွန်လေး အလွန်ဝမ်းနည်းသွားပြီး အမေဖြစ်သူအား မျက်လုံးထဲတွင်ပြန်လည်မြင်ရောင်လာသည်။ ထို့နောက်မွန်လေးခမျာ အထင်လွဲနေသောသူ ဖုန်းဆိုင်ပိုင်ရှင်အား ရှင်းပြလေရာ
"အေးဟယ် နင့်နှဲ့လည်း .... ကံပေါ့ဟယ် .... ဘယ်တတ်နိုင်မလဲ ကံစီမံရာအတိုင်းပဲပေါ့"
ရုတ်တရက်ဆိုသလိုမွန်လေး စကားလမ်းကြောင်းဖြတ်၍ အိမ်သော့တောင်းလိုက်သည်။ ထို့နောက်ညီမဖြစ်သူမှာ အစ်ကိုနှင့်နေမည်ဟုပြောသောအခါ...
"ကိုလေးနဲ့လိုက်နေမယ်လေ ..... နော်"
"မလိုက်ပါနဲ့ညီမလေးရယ်.....အစ်ကို့မှာဘာစီးပွားရေးမှရှိတာမဟုတ်ဘူး .... ညီမလေးကိုလည်းတင့်တောင်းတင့်တယ်ထားနိင်မှာမဟုတ်ဘူး"
"ဟား...ကိုလေးနဲ့ပဲ တူတူနေမယ် မရဘူး....ကွာ မရဘူး"
ငိုယိုပြီးပြောနေသော ညီမဖြစ်သူအားကြည့်၍ ခနတာ ငြိမ်သက်သွားပြီး မွန်လေး ခမျာ မိမိ၏ရောဂါအခြေအနေကိုသာခေါင်းထဲ၌ စဉ်းစားနေလေတော့သည်။
သောကများနေသောမွန်လေးမှာ စိတ်ဖိစည်းမှုအပြင် မည်သို့သောအရာမှ ခေါင်းထဲမရှိပါ။
ထို့နောက်ညီမဖြစ်သူအား အိမ်သို့မခေါ်ဘဲ ဖုန်းဆိုင်ပိုင်ရှင်ကိုသာ ကျွေးမွေးစောင့်ရှောက်ရန်အပ်နှံခဲ့သည်။ သို့သော် ညီမလေးအား တစ်ပတ်တစ်ခါလာတွေ့မည်ဟုကတိပေး ထားလေ၏။ထို့နောက် မွန်လေးတစ်ယောက် အိမ်သော့တောင်းပြီးကာ အိမ်သို့ပြန်လာခဲ့သည်။