အပိုင်း - ၁၁

568 9 2
                                    

ဆေးဆရာ - "စိတ်မကောင်းပါဘူး ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"

ဖုန်းဆိုင်ပိုင်ရှင် - "ဟုတ်ကဲ့ဆရာ"

ထိုးအချိန် ရွာသားများလည်း စဉ်းစားရခက်ခက် ဒေါ်မေကြည့်၏သမီးလေးအား မည်သူ့ထံအပ်နှံရမည် မသိ အတွေးလွန်ကာ နောက်ဆုံး၌ ဆေးဆိုင်ပိုင်ရှင်မှ .....

"ကယ်ကယ်...ကျွန်မပဲ ရှင်းသန့်လေးကိုခေါ်ထား လိုက်ပ့ါမယ်"

ထိုစဉ်ရွာသူကြီးရောက်လာပြီး .....

"ဟဲ့ဘယ်လို ဖြစ်ရတာလဲဟာ သားအမိတွေစကားများကြရင်းဖြစ်ကြတာလား ???

"မဟုတ်ဖူး အဘရေ ဒီလို..."

ဖြစ်စဉ်အကုန်ရှင်းပြလိုက်သည်။ ပြီးနောက်ရွာသူကြီးမှ အသုဘ ကိစ္စ အဝဝ ကိုရွာသားများနှင့်အတူ ကူညီဆောင်ရွက်ပေးလိုက်ရလေသည်။ ရွာသားများသည် အလုံးစုံ မသိရသည့်အကြောင်းအရာအား တစ်ယူသန်တွေးကာ မွန်လေးအား မုန်းတီးနေ၍ ရွာနာသည်ဟုပင်သတ်မှတ်ထားကြတော့သည်။ မွန်လေး၏ညီမဖြစ်သူ ရှင်းသန့်အား ဖုန်းဆိုင်ပိုင်ရှင်မှ အသုဘ အပြီးတွင်ခေါ်သွားကာ ဒေါ်မေကြည်၏အိမ်အား ပိတ်ထား၍ ရှင်းသန့်အသက်ကြီးလာသောအခါ အမွေစားအမွေဆိုင်ပေးရန်အတွက် ထိမ်းသိန်းထားလေတော့သည်။

"၂၀၀၃ ခုနှစ် ၆ လပိုင်း ၇ ရက်
မောင်မွန်လေး
ပုဒ်မ...၁၆
ထောင်ဒဏ် ငါးနှစ်
သို့သော် မောင်မွန်လေး သည် သုံးဆွဲသည့် လက္ခဏာမပေါ်သည့်အတွက် ထောင်ဒဏ် သုံးနှစ်သာကျခံရမည်ဖြစ်သည်။
ရုံးတော်မှအမိန့်"

ထို့နောက် မွန်လေးခမျာ ရင်ထဲတွင်မသာမယာ မိခင်ဖြစ်သူနှင့် ညီမဖြစ်သူရောက်မလာသောကြောင့် အစိုးရိမ်ကြီးစိုးရိမ်ပြီး ချစ်သူဖြစ်သူဂျိမ်းအားစိတ်အလွန်နာနေလေတော့သည်။
သို့သော်စစ်ဆေးမေးမြန်းချိန်တွင် ဘယ်အရာကိုမှဖြေချင်းမရှိခဲ့ပေ။ ဆေးစစ်သောအခါတွင်လည်း သုံးဆွဲသည့်လက္ခဏာ အနည်းငယ်မျှပင်မပေါ်။ ထို့ကြောင့်သာလျှင် မွန်လေးသည်နှစ်ရှည်ထောင် မကျခဲ့ဘဲ သုံးနှစ်သာကျခံခဲ့ရသည်။ထောင်ထဲသို့ရောက်သွားသောအခါမွန်လေးခမျာ အနေဆင်းရဲ အစားဆင်းရဲ ဒဏ်ကိုမခံနိုင်ပေ။
ရွာ၌အမေချက်ပေးသော ထမင်းနှင့်ဟင်းအားတမ်းတရင်း ထောင်ထဲတွင်ပင် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးစေခဲ့သည်။

တစ်ရက်!

မွန်လေးအား ထောင်သားတစ်စုမှာအချိန်ကြာကြာရိပ်မိနေလေရာ

"ဟျောင့် မင်း ဘာအမှုနဲ့ ဝင်လာတာလဲ"

"ခမျာ ဆေးအမှုပါအစ်ကို"

ခေါ်လိုက်သော လေသံ "အစ်ကို" ကိုကြားကြားချင်းပင် ထိုထောင်သားတစ်စုပျော်ရွှင်သွားသည်။ အကြောင်းမှာ ထိုထောင်သားတစ်စုမှာ အဖွဲ့ဝင်ခြောက်ရောက်ပါဝင်သည်။ သူတို့သည် ထောင်၌ နှစ်အတော်ကြာနေရပြီး ကာမဂုဏ် ၌မက်မောသောသူများသာဖြစ်ကြသည်။ ထိုသူတို့အတွက် ပြင်းပြဆာလောင်သောစိတ်ဆန္ဒမှာ အတော်ပင်ကြာလှပြီဖြစ်၍  ထောင်ထဲတွင်မိန်းမ မရှိသောကြောင့် မည်သို့ပင်အန္တရယ်ကြုံစေကာမူ စိတ်ဆန္ဒပြီးမြှောက်ဖို့သာအဓိကဖြစ်၍ အားနွဲ့သောယောက်ျားသား များအား လိုက်လံချစ်တင်းနှောလေ့ရှိသည်။ သို့ပေမဲ့လည်း ထိုသူတို့သည် ထောင်၌ တစ်ယောက်ချင်းစီချစ်တင်းနှောရန် အချိန်နှင့် နေရာအဆင်မပြေသောကြောင့်အုပ်စုလိုက်ဖွဲ့ကာ အတင်းအကြပ် ချစ်တင်းနှောလေ့ရှိကြသည်။ ကိုယ်စီ၌ပင် ရောဂါရမည်ကိုမကြောက်ရွံ့ ဆန္ဒပြီးမြှောက်၍ အာသာဖြေဖို့သာအဓိက ဖြစ်သည်။ ဤအရာကိုထောင်သားတစ်ဦး တစ်ယောက်ထံမှမွန်လေးကြားဖူးထားသောကြောင့် ယင်းတို့အုပ်စုနှင့်မဝေးမနီးရှောင်ကာနေသည်။ သို့သော် မွန်လေးသည် ညနေပိုင်း အားကစားလုပ်ပြီးရေချိုးချိန်.........

ချစ်သောနွံDonde viven las historias. Descúbrelo ahora