1:ကြွယ်... မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}

6.6K 187 3
                                    

<<<<<<<<<< အပိုင်း ၁ >>>>>>>>>>

အေးစက်နေသည့် လက်ကလေးအား သူ့လက်မှ အနွေးဓာတ်ဖြင့် နွေးစေရန် မြဲမြဲကိုင်ထား၏။

"မ ကြွယ် ကြောက်တယ်"

သူအား မော့ကြည့်နေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းတွင်း အားငယ်ရိပ်သို့ ထင်ဟက်လျက်။

"ဘာမှ ဖြစ်ပါဘူး။ ဝင်သွား သွား။ မ ကြည့်နေပေးမယ်နော်"

ဟော့ ပြောလေမှ မျက်ရည်သို့ ဝေ့တက်လာတယ်။

"ဟင့်အင့် ပြန်မယ်။ ပြန်စို့။ မ လာ လာ"

ချော့သလို လေသံလေးပြုရင် သူ့အား ဆွဲခေါ်တဲ့ ကိုယ်ငယ်။ ဆွဲသော်ငြား မပါ၍ထင် သူမလေး၏ ကျန်လက်တစ်ဖက်ဖြင့် အားကုန်ဆွဲပြန်တယ်။ ဤကိုယ်သေးသေးက ဒီလူကို ရွှေ့လို့ အဘယ်ရွေ့မည်တုန်း။ သူရှေ့ ကြိုးစားပမ်းစား အပါခေါ်နေသည့် ယုန်ပေါက်အား ကြည့်ရင်

"ကြွယ် မဆိုးနဲ့လေ။ ကြွယ် လုပ်နေတာနဲ့ မ ကျောင်းနောက်ကျတော့မယ်။ မ ကျောင်းနောက်ကျရင် ဆရာမနဲ့ အဆူခံထိမှာနော်။ အဆူခံ ထိစေချင်လို့လား"

ဆူခြင်းမရောက် တောင်းဆိုမှု မကျတဲ့ စကားနှင့် ဆိုမိတော့ ကိုယ်ငယ်လေးက ငြိမ်သက်တယ်။ နောက် ငုံဆင်းသွားတဲ့ ခေါင်းလေးက သူ အဆူခံ မထိစေချင်ကြောင်း တသွင်သွင် ခါလျက်။

ယုန်ငယ်လေးရဲ့ ထောင်မတ်မတ် နားရွက်ကလေးတွေက အခုတော့များ ကုပ်လို့ရယ်။ ဒီလူဆိုးမကြီးရဲ့ နှလုံးသားလည်း အတောက်လိုက် အရည်တွေပျော်လို့။

"မ ပြောတာ.. "

"မ ဒီနား ခဏလာပေး"

"အယ်"

ကလေးငယ်က သူလက်လေးတစ်ဖက်နှင့် လက်ယပ်ခေါ်လို့ အနားတိုးလိုက်တယ်။ အရွယ်မျှအောင်လည်း ဒူးလေးကွေ့တော့ ပူနွေးနွေး အရာက သူ့ညာဖက်ပါးသို့ နက်ရှိုက်စွာ။ ဒီကလေး သူအား သတ်လေတယ်။ ကိုယ်မှာ ကလေးငယ်ရဲ့ အပြုအမူ တစ်ခုစီတိုင်းအတွက် အဖြေမှာ "အပြုံး" ပါပဲ။ သူ လှလှပပကြီးကို ပြုံးမိသွားတာပါ။

"မ ကိုချစ်တယ် ဘိုင့်ဘိုင့်"

လက်ပြ နှုတ်ဆက်သွားတဲ့ ယုန်ကလေး။ နောက် မိုးပြာရောင် အဆောက်အဦးထဲ ဝင်ကာ ကလေးများကြား ပျောက်ကွယ်လေတယ်။ ဆင်စွယ်ရောင် အမွှေးပွပွ ယုန်လွယ်အိတ်ရယ်၊ ဒူးပေါ် အနီရောင် စကပ်ဖားနှင့်အတူ ယူနီဖောင်းအဖြူကို တွဲဖက်ဝတ်ထားတဲ့ ကြွယ်။ အသဲယားအောင် ဂျိုလေးနှစ်ခွပါ ခပ်မြှင့်မြှင့် ထုံးထားသေး။

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Onde histórias criam vida. Descubra agora