< အပိုင်း ၉ >
"အာာာ စိတ်ညစ်လိုက်တာ"
လက်ထဲက မေးခွန်းစာရွက်ကြီး ကိုင်ပြီ ခေါင်းတကုတ်ကုတ် ထိုင်ငိုင်နေတဲ့ လဝန်းငယ်။ မျက်ကွင်းတွေဆိုလည်း ချောင်လို့။
အခုဆို တတိယပတ် စာမေးပွဲဖြစ်ပြီ သုံးရက်မြောက်နေ့ ညနေ့ပိုင်းအချိန် နောက်ဆုံးဘာသာဖြစ်သော biology ဖြေခြင်း ဖြစ်သည်။ နှစ်ချိန်ဆက် ဖြေဆိုပြီးပြီမို့ အခန်းစောင့် ဆရာမနှစ်ယောက်က ထွက်သွားလေပြီး။ ဘာသာပြဆရာ/ဆရာမတွေက အတန်းမဝင်ပေ။ အရင်ချိန်ဆို ဆရာတွေ အတန်းမဝင်လျှင် ဆယ်တန်း အခန်း (B) သည် ထကြွတဲ့ မျောက်ဖင်နီ စပ်စလူးများ။ အခုများဖြင့် အိုနာကျနေသည့် လင်းတ(လဒ) များလိုပင်။
ဘာလာလာ ဥကွဲရင် ပြီးရောဆိုသူများက မျက်ခွက်ပြောင် နိုင်ပေမယ့် အမှတ်(30) ရအောင် ဆွဲဆန့် ဖြေနေရတဲ့ သူရယ် "ငါကွာ (၆)ဘာသာအထပ် ဂုဏ်ထူးရှင်ဟုတ် ကြွေးကြော်နေတဲ့ သူတွေရယ်က ချစ်ဆရာမရဲ့ ဘယ်အပိုဒ် မေးလို့ မေးထားမှန်းမသိတဲ့ လေဟာနယ် မေးခွန်းတွေကြား ပြိုလဲလို့။
မေးခွန်းရဲ့ .. ကျက်ထားတဲ့ စာတွေတောင် စောင်းထိုးဖြစ်တယ်...
"ဘာတွေလဲ ဘာတွေလဲလို့!! အ*"
ဒေါသကြောင့် မာန်ပါလာတော့ အသံက ကျယ်လာတယ်။ ပြဲထွက်လာတဲ့ လဝန်းအသံကို ကျောနောက် ဖတ်ကနဲ လှမ်းရိုက်ရင် သတိပေးတဲ့ မုန်း။ ရိုက်တာ မနာပေမယ့် လူက နဂိုကမှ တီကောင်ကြီး ပရုတ်ဆီပွတ်သလို လောင်နေလို့ တွေ့သမျှကို ခေါင်းမှာ ဂျိုတပ်ပြီး လိုက်ခွေ့ချင်နေတာ။
အခုလည်း သူငယ်ချင်းသော် ဘာသော် မသိတော့ သူ့လက်က ဘေးခုံမှ မုန်းကျောပြင်ဆီသို့ ဘုတ်ကနဲ။ ကျောပါ ကော့သွားတဲ့ မုန်းက သူကို ပြူးတူတူ လှည့်ကြည့်တယ်။ နောက် မုန်းမျက်နှာကြီးရဲလာကာ နှာခေါင်းက လေတွေပါ မှုတ်ထုတ်လာတယ်။
"နာတယ်နော်! နင့်လက် မုန်း အရူးမ!!!"
"ဂတုံးရဲ့ နာတယ်ဟ!! ငါ သွေးအန်ထွက်တော့မယ်! ဖယ်စမ်း လက်က!!"

ESTÁS LEYENDO
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantasía[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇