7:ကြွယ်... မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}

1.1K 69 3
                                    

< အပိုင်း ၇ >

မိုးပြာရောင် တိုက်ပုအတွင်းမှ ကလေးငယ်တွေ။ ဆရာမများရဲ့ ထိန်းကျောင်းမှုအောက် ကိုယ်စီငြိမ်သက်လို့။

"ရတီကြွယ်က တော်လိုက်တာ။ နောက်တစ်မျက်နှာ ထပ်ရေးမယ်နော်"

ကြွယ်လက်လေးကို ထိန်းရင် ဝလုံးတွေ အစီလိုက် ရေးချနေတဲ့ ဆရာမ။ ဆရာမ ရင်ခွင်ထဲ ရောက်ရှိနေတဲ့ ကြွယ်တော့ အရင်ရှိ မျက်နှာလေးထက် ပိုအလိုမကျ ဖြစ်နေဟန်။

သူ ပူတယ်။ နေရ ခက်တယ်။

"ကလေးက တော်လိုက်တာ"

ကြွယ် ဆံနွယ်ပွပွလေးအား ငုံနမ်းလေတယ်။ အခု ကြွယ် ကိုယ်လေးက ထိုဆရာမ ရင်ခွင်အောက် အရုပ်လေးတစ်ရုပ်အလား။

ဒီအလုံးကြီးတွေ ထပ်မရေးချင်တော့ဘူး။ မရေးချင်တော့ဘူးလို့ ....သူကို လာမထိနဲ့ မကြိုက်ဘူး ဂါးးးးးး

"ချယ် ကလေးကို ခဏအနား ပေးလိုက်ပါဦး။ ရတီကြွယ် ဗိုက်ဆာရောပေါ့။ လာ ချယ် လုပ်ပေးမယ်"

"အို.. တို့ လုပ်ပေးလိုက်ပါ့မယ်။ ကြွယ်က တို့ ခွံကျွေးမှ စားနေကြ ဆိုတော့။ နော် ကြွယ်"

မခေါ်နဲ့ ကြွယ်လို့ မခေါ်နဲ့ !!!

"မစားဘူး!! ကိုယ့်ဟာကိုယ် စားမယ်!"

ကြွယ် အသံမာသွားလို့ထင် သူမတို့နှစ်ယောက် ငြိမ်သွားလေရဲ့။

"ဟုတ်ပါပြီး။ ကယ် သွားနားတော့ သွား"

အပြုံးမည်ရဲ့လား မသိတဲ့ အေးစက်စက် အပြုံးနဲ့ ကြွယ်အား လွတ်ပေးတယ်။ ကြွယ့်လက်မောင်းကို အားနဲ့ ဖိညစ်ဖို့လည်း သူမ မမေ့ခဲ့ဘူး။ ဘယ်သူမှ မသိလိုက်ပေမယ့် ခံရသူ ကြွယ်က အတော် နာရဲ့ထင် မျက်နှာလေး မဲ့သွားတယ်။

"ဒီကလေးကို ချယ် အတော်ချစ်တယ်နော်"

"အို့ ဟုတ်မယ်"

သူမ စိတ်ထဲက မီးစ ကို တစ်ဖက်မှ သတိထားမိမယ် မထင်သလို သူမလက်မှ ပြေးထွက်သွားတဲ့ ကြွယ်အား ကြည့်တဲ့ မျက်ဝန်းတွင်းမှ တပ်မက်မှုကိုလည်း တစ်ဖက်လူ ရှာတွေ့မည် မဟုတ်။
ဒီလို အနေအေးပြီ စိတ်ရင်းကောင်းတဲ့ ဆရာမငယ်က ကြွယ်အား သူမရဲ့ ကစားစရာ အရုပ်လို ထင်မှတ်နေတာ မည်သူ သိမည်နည်း။

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Where stories live. Discover now