8:ကြွယ်... မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}

1.5K 67 8
                                    

< အပိုင်း ၈ >

ရုတ်တရက် မုန်း ထအော်တာကြောင့် နှစ်ယောက်သား ပြူးပြူးကြီး စိုက်ကြည့်မိကုန်။ နောက်မှ မုန်းခများ ရှက်ရှက်နဲ့ ချောင်းဟမ်းရတယ်။

"အဟွန်း.. ဘယ်တုန်းကရောက်.. ထားပါ။ တီလေး မရောက်သေးဘူးလား။ အွန်း မရောက်သေးလို့ ရပ်နေတာပေါ့"

သူ မေးပြီး သူ ဘာသာပြန်ဖြေသွားတယ်။ လူကိုလည်း ပြုံးပြုံးကြီး စိုက်ကြည့်နေသေး။

ဒီအစ်မ စိတ်မှန်ရဲ့လား..

မျက်ဝန်းစိမ်း ခြေကို ဘေးနည်းနည်း ကြွလိုက်တယ်။

"ဟင်းးး ဖိုးသောက်ကို စောင့်ရအောင် ဒင်းက ပြန်တောင် ရောက်နေပြီးလား မသိ။ ပြီးတော့ ငါက ဘာလို့ စောင့်ရမှာလဲ။ မစောင့်ချင်ပါဘူး။ တီလေးမေ ကားနဲ့ပဲ ပြန်လိုက်တော့မယ် နော်..."

"..."

ကလေးမ ခေါင်းက မုန်းနဲ့ ဆန့်ကျင်ဖက် နေရာကို လှည့်ထားတယ်။ ခေါင်းကြီးစောင်း ပြောနေတဲ့သူက အရူးကြီးကြလို့။ ဒါလည်း မုန်းတို့ အပြုံး မပျက်ပါဘူး။

ဆွဲဆောင့်ချင် စရာလေး 😊

လွယ်အိတ် ကိုယ်စီနဲ့ ကျောင်းသား/သူတွေ မုန်းတို့ ရှေ့က ဖြတ်သွားနေတယ်။ ကားတွေ ဆိုင်ကယ် တွေကလည်း ကျောင်းကြီးရဲ့ မနီးမဝေးမှာ လာရပ်ကြတယ်။ စောင့်နေတဲ့ သူလေးတွေ ရောက်သည်နှင့် ပြန် ထွက်သွားရော။ တချို့က စကားလေ ပြော စနောက်ရင် ခြေချင်းပြန်တယ်။ တချို့ကြပြန်တော့ ထမင်းချိုင်းလေး တစ်ဖက်နဲ့ တစ်ယောက်တည်း။ နောက် စက်ဘီး နင်းရင် ပြန်သူတွေ အကုန်ကုန် ကျောင်းကြီးမှ ထွက်ခွာလို့နေဆဲ။

ဂိတ်ပေါက် တစ်ဖက်မှ မုန်းတို့ နှစ်ယောက် စကားလည်း မပြော ကြောင်တောင်တောင် ရပ်ရင် လာသူကို မျှော်တယ်။
ခဏအကြာ... မုန်းတို့နဲ့ မလှမ်းမကမ်း ထိုးရပ်တဲ့ နက်ပြာ ကားတစ်စီး။ နောက် ထိုကား နောက်ခန်းမှ လျှိုကနဲ ထွက်လာတဲ့ ကလေးငယ်က သူလက်လေးဖြင့် ဝေ့ယမ်းပြနေတယ်။ "မ သူ ဒီမှာ" တဲ့

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Where stories live. Discover now