☁️☁️☁️

1.7K 87 5
                                    

အတိတ်သို့ တစ်ခဏ(၁)

ဆာလောင်နေတဲ့ ခန္ဓာက အင်အားကို ထိုင်းမှိုင်းစေတယ်။ အရှေ့ကို ဆက်နေတဲ့ ခြေလှမ်းတွေက တစ်ဖြည်းဖြည်း နှေးကွေးလာတယ်။ နာကျင်မှုကလည်း လူကို မြေပြင်အောက် ဆွဲချချင်သလို။ မှုန်ဝါးဝါး မြင်ကွင်းအောက် မေးစင်ချင်နေတဲ့ မျက်ခွံ။

သူအရမ်း ပင်ပန်းနေပြီး..

ဘယ်သူသိမလဲ..အခုချိန်မှာ အလင်းရောင်က သူရှေ့ ကျရောက်လာလိမ့်မယ်လို့။ သူရှေ့ တိုးဝင်လာတဲ့ အလင်းရောင်ကြောင့် သူပြုံးလိုက်တယ်။ နောက်ဆုံးတော့ လွတ်မြောက်ချင်ကို သူခံစားရတော့မယ်။ သူ၏ တင်းထားသမျှ အင်အား ဖြေလျှော့သည်နှင့် အမှောင်အတိကျလေပြီး။

-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
တိမ်ပေါ်ရောက်နေသလို ခံစားချက်က ဒီလိုလား။ သိပ် ဇိမ်ရှိတယ်။ သူ့နောက်ကျောက ပျော့အိအိလေးနဲ့ နေလို့ကောင်းနေတယ်။ အနံ့မွှေးမွှေးလေးတွေလည်း နှာခေါင်းဝ ထိုးပေါက်လို။ သူ နတ်ပြည်ရောက်နေပြီးလား။ မျက်လုံးတွေက စပ်စုကာ ဖွင့်ဟတော့ အလင်းရောင်ကြီးက သူမျက်လုံးကို ကျီစယ်ပါ၏။

"ကလေးမ သတိရလာပြီးထင်တယ် ဒေါက်တာ"

အမျိုးသမီးတစ်ယောက်အသံက သူနားထဲ ခပ်တိုးတိုး။

ငါ ငါ ဘယ်မှာလဲ... ဟိုလူတွေ!!

"ငါမလိုက်ဘူး မလိုက်ဘူး...သွား!! သွား!!"

"ကလေး အရမ်းမလုပ်နဲ့လေ။ နာကုန်တော့မှာပဲ"

အားနဲ့ ရုန်းနေတဲ့ သူအား လက်မောင်းမှတစ်ဆင့် ထိန်းချုပ်လိုက်သည့် လက်။ အားမများသော်လည်း သူမလေး၏ လှုပ်ရှားမှုအားလုံးကိုတော့ ငြိမ်သက်သွားစေသည်။

"ကြည့် သွေးတောင်ထွက်နေပြီး"

မျက်ခုံးတန်းက ထိစပ်လျက် ဂရုဏာဒေါသဖြစ် ဆိုနေသူ အမျိုးသမီး။ သူ့မျက်လုံးရှေ့ ကုတ်အင်္ကျီအဖြူအား ဝတ်ဆင်ထားလျက် ဆံပင်အပြောင် သိမ်းကျုံးစည်းနှောင်ထားသော ထိုအမျိုးသမီးသည် အဘယ့်ကြောင့် ဤမျှ လှရက်လွန်းနေသနည်း။ သူတကယ်ပင် နတ်ပြည့်ရောက်သွားပြီ ထင်၏။

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Where stories live. Discover now