ကြွယ် မဟုတ်ပါပဲ တစ်ခြားသူကို သိပ်မကြင်နာပါနဲ့
ကြွယ် အူတိုပြီး သေရင် မပဲ ငိုရမှာ....
<<<<<<<<<< အပိုင်း ၄ >>>>>>>>>>
"ဟွန့် ကြွယ်လောက်လည်း ချစ်ဖို့ ကောင်းဘူး"
သူ့နားဘေး ဘယ့်ချိန်ရောက်မှန်းမသိ ရောက်ချလာတဲ့ ကြွယ်။ သူနှင့် ဆော့နေသည့် ခွေးပေါက်လေးအား သူဝေးရာသို့ လွှတ်ပစ်၏။ ရုတ်တရက်မို့ လူလည်း ကြောင်တောင်တောင်။ တရားခံလေးက သူမဟုတ်သလို နှုတ်သီးလေး ချွန်လို့။ ပစ်ပေါက်ခံ ခွေးလေးမှာလည်း မြေကြီးနှင့် တလူးလူး။
"အခုပဲ ရေချိုးပေးထားတာ ကြွယ်ရဲ့။ ပြန်ပေတော့မှာပဲ"
အကူကယ်မဲ့ ခွေးလေးကို လက်ပြန်လှမ်းတော့ ခွေးအားကောက်မကာ ပြေးထွက်သွားတဲ့ ကြွယ်။ ကြွယ်နောက်ပါသွားတဲ့ ခွေးပေါက်က သူ့အန္တရာယ် သူသိသည်ထင် ရှိသမျှအသံနှင့် ကုန်းအော်၏။
"အားရား...ဒီကလေးနှယ့်"
ခြေထောက်သေးသေးနောက် အမှီလိုက်တော့ ခြံနောက်က အမှိုက်ပုံသို့။
"အယ် ကြွယ် မလုပ်နဲ့လေ။ မပစ်... "
ဘုတ်ခနဲပဲ...ဆိုးလိုက်တာ။
"အဆိုးလေးရယ် ဘာလို့ ဒီလောက်ဆိုးနေတာလဲ"
အုံပွပွ ဆံနွယ်ပေါ် လက်နှင့်အသာ ပုတ်၍ လူ့စိတ်တိုလေးအား မေးမိ။
"အာ့ကောင် ကြွယ်လောက် ချစ်ဖို့ ကောင်းဘူး"
အမှိုက်ထဲ ပုံနေသည့် ခွေးပေါက်ကိုလည်း လက်ညိုးလေးထိုး ရန်လိုသေး။
"ဟုတ်တာပေါ့ ကြွယ်က ချစ်စရာအကောင်းဆုံး။ အခု နည်းနည်း ဖယ်နော် ကောက်မလို့"
"ကောက်နဲ့"
သူ့ရှေ့ ကိုယ်သေးသေးနှင့် ပိတ်၍ လက်လေးနှစ်ဖက်ဖြန့် ကာ၏။ သူ့လက်သွားရာ ကိုယ်လေးက လိုက်ပါစောင်းသည်။
ငါနော် အကောင်လိုက် မြိုထည့်...ဟွန်း ဟွန်း
"ကြွယ် နဲ့ ပဲ ဆော့"
အာဏာရှင် ဘုရင်မလေးက တစ်ချက်လွှတ် အမိန့် ချမှတ်၏။ နာခံမြဲ အမှုးထမ်းလေးက အပြုံးနှင့် နာခံလျက်ပေါ့။

YOU ARE READING
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantasy[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇