အေးစက်စက် အထိအတွေ့သာ နေသားကျနေတဲ့ ငါ့ဘ၀က
နွေးထွေးကြင်နာမှုဆိုတဲ့ အရာနဲ့ စိမ်းသက်လွန်းတယ်။
< အပိုင်း ၅ >
ကောက်ကာငင်ကာ ငိုနေတဲ့ ကလေးငယ်ကို ရင်ခွင်ထဲ ထည့်ကာ ခေါင်းလေးကို အသာပုတ်ပေးရ၏။ ကလေးငယ် တစ်ချက် ရှိုက်လေတိုင်း ဒီရင်တစ်ခြမ်း ထိုးအောင့်ပါသည်။
"ကြွယ်အမေ့က ဘာလို့ မချစ်ရ မလဲ။ ကြွယ်ကို သူသိပ်ချစ်တာပေါ့"
"လိမ်တာ...ကြွယ်ကို ချစ်ရင်..ချစ်ရင်လေ ဟင့် အာ့လို လုပ်ဘူး။ ဝါးးးးး ကြွယ် ကြွယ် အိမ်ပေါ်က ဆင်းလာတာ သိလား။ ကြွယ်ကို ခေါ်ထားမှာမို့လား... ဟင့်"
အယ်..အိမ်ပေါ်ကဆင်းလာတယ်။ ဒါလေးက? ရယ်မယ်နော်..
"မ!! ဟင့် မလည်း ကြွယ် မချစ်ဘူး အီးးး ဘာလို့ ရယ်.. မခေါ် ချင် အင့်"
"အယ် အယ် ကြွယ်ရေ..မ မရယ်ဘူး မရယ်ဘူးနော်။ အားရား တိတ်တိတ် ခေါ်ထားမှာပေါ့ တစ်သက်လုံး ခေါ်ထားမှာ"
ကြွယ်ကို ကောက်ချီပြီး ဟိုလျှောက် ဒီလျှောက်လုပ်ကာ ချော့မြူးနေရတယ်။ ပုခုံးကို ခေါင်းနှစ်ထားတဲ့ ကလေးငယ်က ပိုတိုး ငိုလို့။ ဘာက ဘာဖြစ်နေမှန်း ငါလေးလည်း မသိတော့ပါ။ အခုချိန် ကိုယ့်ပါးကိုယ် သုံးချက်လောက် ဖြတ်ရိုက်ချင်တာတော့ သိတယ်။
🐰--.--🐰
"ဒီတော့ ကလေးကို နင်တာဝန်ယူလိုက်တယ်ပေါ့"
"အေးလေ ငါ့အတွက် ကလေးတစ်ယောက် စရိတ်က မပြောပ ပါဘူး"
"ဟဲ့!! အိမ်မှာ နင့်သမီး တစ်ယောက်လုံး ရှိနေတာ။ ဘယ်ကဟာလို့ ဟာမှန်းမသိတာ ကောက်မွေးစားမလို့လား အရူးမရဲ့"
"ငါ့လာမအော်နဲ့နော်!! ကလေးက တစ်ကယ် ဒုက္ခရောက်နေလို့ပေါ့ ကြည့်ပ့လား နင်ဆိုရော ဘာလုပ် မလဲ"
"သက်ဆိုင်ရာလက်ထဲ အပ်မှာ။ ဆိုင်တဲ့လူ လာခေါ်မှာပေါ့"
"ငါက ထောင်ထဲ ၀င်ပေးရမှာလား!"
"ရားးး ပွန်းရုံပဲ့ရုံနဲ့ ဘယ်သူမှ နင့်ထောင်ထဲမထည့်ဘူး။ နင့်ဟာနင် အစိရှည် ငါ... "
YOU ARE READING
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantasy[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇