< အပိုင်း ၁၀ >
မိခင်၏ ခါးဝယ် ခေါင်းကို အပ်၊ တင်းကျပ်ကျပ် တွယ်ဖက်ထားတဲ့ ကလေးငယ်။ ကိုယ်လေးလည်း ငြိမ်သက်နေကာ အသံလေး တသံပင် မပြု။
"ကြွယ်ရဲ့ လုပ်ရပ်အတွက် တကယ့်ကို အားနာရပါတယ်။ အမေဖြစ်တဲ့ ကျွန်မကပဲ ကြွယ်ကိုယ်စား တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ ကျေအေးရမှာလား။ ရှင့်သမီး ကျွန်မကို ဘယ်လိုလုပ်ခဲ့လည်း မမြင်ဘူးလား ဟမ်း"
ဒေါဟန် မောဟန်နှင့် မာထန်နေသော ဆရာမငယ်။ ပါးတစ်ခြမ်းမှာလည်း အခြစ်ရာ တစ်ချက် ထင်ကျန်လို့ နေသည်။ ထိုဆရာမငယ်ရဲ့ ဟန်ပင် မထိန်းနိုင်အောင် ဒေါကန်နေပုံကို အတူလုပ်လုပ်နေသည့် ဆရာမပင် အံ့အာသင့်သည့်ထိပင်။
"ဒီတော့ ကျွန်မတို့ဘက်က ဘာပြန်လုပ်ပေးရမှာလဲ။ ဆေးဖိုးလား ရော်ကြေးလား? ကြွယ်က အကြောင်းမရှိပဲ ရန်ရှာတတ်တဲ့ ကလေးမျိုးတော့ မဟုတ်ဘူး။ ရှင်ကသာ.."
"မဟာ!!"
ရုံးခန်းမှာ ထိုင်နေတဲ့ ဒီတိုက်ပိုင်ရှင် ဆရာမကြီးလည်း မျက်နှာပျက်။ သူမှာလည်း မဟာကြောင့် ခေါင်းကို ဘယ့်နား သွားထိုးထည့်ထားရမှန်း မသိ။
"ရှင် စကားကို ကန့်လန့်မပြောနဲ့နော်။ တကယ့်ပဲ ဒီကလေး ရိုင်းစိုင်းတာလဲ မပြောနဲ့။ အသိုင်းဝိုင်းကိုက ဇနဲ့လာတာ"
"မားတို့ကို မပြောနဲ့"
အက်ရှနေတဲ့ အသံငယ်နှင့် သူတို့အား အပြောမခံ ကာကွယ်သူလေး။ မျက်ထောင့်လေးနှစ်ဖက် နီမြန်းနေပြီး နှာခေါင်းထိပ်ဖျားလေးပင် ရဲစွတ်လို့ နေသည်။ ထို့အတူ ကလေးငယ်ရဲ့ ရှိုက်သံသည်လည်း ပို၍ လှိုင်းတက်လာ၏။
"ကြွယ် ဘာလို့ အရမ်းငိုနေတာလဲ။ ဘာဖြစ်လို့လဲ"
သူပင်မဟုတ် မဟာ တောင် စိုးရိပ်စ ပြုလာပြီး။
"နာတယ်။ အရမ်းနာတယ်.."
ကလေးငယ် ပြရာ လည်ကုတ်သို့ ကြည့်လိုက်တော့ သွားကိုက်ရာများ။ သွားရာများမှာ သွေးစပင် ဆို့လို့နေသည်။ တစ်နေရာတည်းလည်း မဟုတ် ကြွယ် အင်္ကျီလှန်ကြည့်တော့ နောက်ကျောမှာလည်း နီရဲနေ၏။

ŞİMDİ OKUDUĞUN
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantastik[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇