🌸လ၀န်းငယ်🌸
တိတ်ဆိတ်တဲ့ လမ်းကလေးမှာ ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ရှေ့က ဦးဆောင်သွားနေတယ်။ ခြေလှမ်းတွေက သွက်လို့။ အနောက်ကနေ တစ်လှမ်းချင်း လိုက်နေတဲ့ သူမ။ သူရဲ့ ကျောပြင်လေးကိုသာ ငေးရင်။
"မြန်မြန် လာဟာ"
ဆောင့်အောင့်ရင် လှည့်ကြည့်လာသူ။ အလိုမကျတဲ့ မျက်ခုံးတန်း။ မာဆတ်ဆတ် အသံနေထား။ အာ့မျက်နှာထားက သူမရဲ့ နှုတ်ခမ်းကို ကော့ညွှန့်စေတယ်။ ဒေါသအိုးဆီ ခြေလှမ်း နှစ်ဆလှမ်းရင်
"ငါ့ စိတ်ဆိုးနေတာလား"
"ဆိုးတယ်"
ဘာမှ ဟန်ဆောင်ခြင်းမရှိ ဒဲ့တိုးပါပေ။ သူရဲ့ တွန့်ကွေ့နေတဲ့ အဲ့မျက်ခုံးတန်းကို လက်နဲ့ အသာဖြေးပေးချင်မိ။
"နင်က ကတိမှ မတည်တာ"
"ငါက။ ဘာကတိလဲ။ အဲ့ဒါ သုသုပြောတာမဟုတ်။ နင်နဲ့ ထက်မြတ်.. "
"တော်..ငါကို ကတိပေးတာ နင်ပဲ။ မပြောနဲ့"
"မုန်း ဘယ်လို ဖြစ်သွားမလဲ နင် စဉ်းစားလား။ ငါက ခေါ်ထားတဲ့လူ။ အသွားရော အပြန်ပါ သူတစ်ယောက်ထဲ။ ထက်မြတ် နင်ကို လိုက်ပို့တော့ ဘာဖြစ်မှာ မို့လဲ.. "
"တော်တော့!! မုန်း မုန်းနဲ့ ဒီမုန်းပဲ ထပ်နေတယ်။ ငါက နင်နဲ့ ငယ်ငယ်ထဲက သိတာ။ နင်ကျောင်းပြောင်းမှ သိတဲ့ လူကို အာ့လောက် ဂရုစိုက်ပြမနေနဲ့။ ဘာလို့ သွားခေါ်လည်း မခေါ်နဲ့လေ။ ငါကို လာမအော်နဲ့"
အလိုက်မသိကျလာတဲ့ မျက်ရည်တွေက မြေပြင်ပေါ်သို့။ ဒေါသထွက်နေတဲ့ သူမျက်နှာက ရင်ကို နာစေတယ်။ မုန်းဆိုတဲ့ နာမ်စားနဲ့ ပတ်သက်ရင် သူဒေါသ သိပ်ကြီးတာပဲ။
"တောက်!!"
လှည့်ထွက်သွားတဲ့ လူ။ ဘယ်လောက်တောင် စိတ်ဆိုးနေပါလိမ့်။ မထားခဲ့နဲ့ ငါမငိုချင်ဘူး။ ပြန်လာချော့ပါ။ ကြည့်နေရင် တဖြည်းဖြည်း ဝေးကွာသွားတဲ့ ကျောပြင်။
"ဟင့်.. ဂတုံးမ ဝါးး.. အသစ်မြင် အဟောင်းမေ့တဲ့ လူယုတ်မာ။ အီး.. ပြန်လာ"
မြေပြင်ပေါ် ဆောင့်ကြောင့် ထိုင်ချရင် ပြန်မလာသူကို အော်ခေါ်တယ်။ ဘူးသီးလုံးလောက် မျက်ရည်တွေလည်း ထိန်းမနိုင်သိမ်းမနိုင် ထွက်ကျကုန်ပြီး။ ငိုနေမှာ အသံကွဲအောင်ကို ငိုမှာ။ အငိုလွန်ပြီး ဆေးရုံရောက်ရင် သူလာမှာပဲ။ ငါဖျားရင် သူလာပြုစုမှာပဲ။ ဟုတ်တယ်။
YOU ARE READING
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantasy[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇