☁️☁️☁️

1.5K 77 4
                                    

အတိတ်သို့ တစ်ခဏ (၂)

ခုတင်ထက် အိပ်စက်နေတဲ့ ကလေးမက အပူပင် ကင်းလို့။ လုံးလုံးဝန်းဝန်း မျက်နှာပေါက်က ဖျစ်ညစ်ချင်စဖွယ်။ သို့မှ မလိုက်ဖက်လေတဲ့ ဒဏ်ရာ အနာတရတွေကတော့ မျက်နှာပေါ် ထင်ကျန်လျက်။ ဒီကလေး သူနဲ့မတွေ့ခင် ဘာများ တွေ့ကြုံခဲ့ပါလိမ့်။ ကလေးငယ်ရဲ့ ပွကြဲကြဲ ဆံပင်အား အသာသပ်ပေးတော့ လှုပ်ခတ်ခတ် ပွင့်ဟတဲ့ မျက်ဝန်း... လှရက်တဲ့ မျက်ဝန်းစိမ်း။

"ဘာဖြစ်လို့လဲ.. ဒီက အဘွားကြီးက ကလေးကို ဘာမှမလုပ်ပါဘူး။ မကြောက်ပါနဲ့"

ကလေးမရဲ့ နှာခေါင်းထိပ်အား လက်ညှိုးနှင့် တို့ရင် စကား စမိ။ ပြူးကြောင်ကြောင် မျက်လုံးနှင့် လူကြည့်တာ ချစ်စရာ။

"ထိုင်ချင်လို့လား.. အရမ်းမလုပ်နဲ့လေ။ လာလာ အဘွားကြီး လုပ်ပေးမယ် ရားးး"

ရုတ်တရက် ထဖို့လုပ်လို့ အမြန်တားရတယ်။ ပြီး ကိုယ်လေး သက်သက်သာသာ ထိုင်နိုင်ဖို့ ဆွဲမပေးလိုက်တယ်။ စွေ့ကနဲလည်း မရော အဘွားကြီး ခါး ညှပ်သွားသတဲ့။

"ရေ...ရေဆာတယ်"

ခြောက်သွေ့သွေ့နှုတ်ခမ်းမှ ပထမဆုံး ဆိုလေတဲ့ စကား။

"ရေ? ဒီမှာ ရော့။ ဖြည်းဖြည်းလေ"

ခွက်ပါ မျိုချမလားပေါ့။ အမောတကော်ကို သောက်တာ။ ကလေးကို ကြည့်နေရင် သူ့အာရုံထဲ ရောက်လာတာက

"မင်း ဘယ်မှာ နေတာလဲ"

"ဖူးးးးး"

မျက်ခွက် တည့်တည့်ပါပဲ။ မဖြေချင်နေလေ။ ရေနဲ့တော့ မပတ်နဲ့ဟ။ စိုရွှန်းနေတဲ့ သူ့မျက်နှာကြီးကို မြင်တော့ ဟန်းစတား ပေါက်စက ပါးစပ်လေးဟလို့။ အမယ်..အမယ် စောင်ကြီး ကောက်မပြီ ခေါင်းမြီးခြုံပစ်တယ်။ အရမ်း လုံသွားတယ်ပေါ့။

"ဘာမှမဖြစ်ဘူး.. မကြောက်နဲ့။ ငါမေးတယ်ဆိုတာ မင်းကို ပြန်ပို့မလို့။ မင်း ဒီရောက်တာ သုံးရက်ရှိပြီး။ မင်းအိမ်ကလူတွေ အခုလောက်ဆို မင်းပျောက်လို့ အကြီးအကျယ် စိတ်ပူပြီး ရှာနေလောက်ပြီး"

အတင်းပြုံးထားတဲ့ ပါးစပ်ကြီးနဲ့ စောင်ကို ဆွဲတယ်။ ကလေးက ပြန်ဆွဲတယ်။ သူနဲ့ကလေး ချာလည်ပတ် ရမ်းရော။

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Where stories live. Discover now