<<<<<<<<<< အပိုင်း ၂ >>>>>>>>>>
မိုးပြာရောင်တိုက်အိမ်နှင့် ပန်းနုရောင်တိုက်အိမ်တို့က ဘေးချင်းကပ် ရှိနေသည်။ အိမ်ကလေးနှစ်လုံးကပ်၍ မြင်တွေ့ရသည်မှာ အမြင်ဆန်းသလို ချစ်ဖို့ကောင်းစေ၏။ ဆိတ်ငြိမ်လမ်းလေးလည်း ဖြစ်သဖြင့် ၀န်းကျင်က အိမ်လေးများက တိတ်ဆိတ်၍ အပူပန်ကင်း၏။
ပန်းရောင် အိမ်လေးရှေ့ ရပ်နေသည့် မိန်းကလေးနှစ်ယောက်နှင့် ကလေးမလေး တစ်ယောက်။
"ဦးကြီးလာပြီး..၀င်တော့နော်။ ပြီးရင် မ လာခဲ့မယ်"
ကိုင်ထားဆဲ လက်ကလေးသည် လွတ်ပေးရန်မတွေး ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ မျက်လုံးလေးက ဘေးမှ ရပ်နေသည့် လ၀န်းအား စူးဝါးဝါး စိုက်ကြည့်လျက်။
"ရတီလေး ရောက်ပြီးလား။ မုန်းလေး လာပို့မယ်ဆိုတော့ ဦးမလာတော့တာ"
ခြံတံခါးဖွင့်ပေး၍ သူနှင့်ကြွယ်အား အပြုံးနှင့် ဆိုလာသူ ဦးကြီး။ မိမိလည်း အပြုံးပေါ်အပြုံးဆင့် ပြန်ပြုံးပြရင် -,-
"ဟုတ်.. ဟိုလေ.. တီလေးမေက ဘယ်သွားတာလဲ။ ကြာမှာလားဟင်"
"မပြောသွားဘူး မုန်းလေး။ သူဋ္ဌေးက အခုလိုကြီး ခရီးထွက်နေတာ မုန်းလေးလည်း သိသား။ ဖုန်းဆက် လာတော့လည်း သူပြောချင်တာပြောပြီး ချသွားရော။ ဦးလည်း မသိတော့ပါဘူး"
စိတ်ရှုပ်ဟန်နှင့် ခေါင်းအား တဗျင်းဗျင်း ကုတ်နေသည့် ဦးကြောင့် ရယ်ရခက်ပြောရခက်ခက်။
"ရတီလေး.. ဒေါ်ကြီးက သမီးလေးအကြိုက် ကျက်ထားတာ။ ဗိုက်ဆာရောပေါ့"
ကြွယ်အား ကြည့်၍ ဆို၏။ အသေးလေးကတော့ ပြောလေသူ ဦးကြီးအား လှည့်ပင်မကြည့်။ လ၀န်းဆီသာ မျက်နှာမူစဲ။ ဒီနှစ်ကောင် မျက်လုံးနဲ့ စစ်တိုက်နေတာလား။ ထကိုက်မဲ့ အရိပ်ယောင် မြင်နေရ။
"ကြွယ်... "
အမည်နာမ်မလေးခေါ်တော့ ခုဏက ရန်လိုသလို ကြည့်နေသည့် ခွေးပေါက်လေးနှင့်မတူ ယုန်ပေါက်လေး သူ့စားစရာ မုလာဥလေးအား တယုတယ ကြည့်သကဲ့သို့ မော့ကြည့်၏။
YOU ARE READING
ကြွယ်...မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}
Fantasy[Zawgyi] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇 [Unicode] ကြွယ်က "မ" ရဲ့ "အပြုံးလေး" ဖြစ်ချင်ရုံ..😇😇