6:ကြွယ်... မဆိုးနဲ့{ကွှယျ... မဆိုးနဲ့}

1.4K 66 7
                                    

< အပိုင်း ၆ >

နေရောင်ဖြာတဲ့ နံနက်ခင်းချိန် 🌤

"လာ ကြိုမယ်"

"...."

ဘာ အသံမှ မထွက်။ သုန်သုန်မှုန်မှုန် မျက်နှာထားနှင့်သာ သူအား ကြည့်နေဆဲ ကြွယ်။

"မား သွားမယ်နော်။ ဆရာမ စကား နားထောင် ကြားလား"

ခေါင်းလေးကို ထိုးဖွပြီး သွားဖို့လုပ်တော့ သူ့အား တင်းကျပ်ကျပ် ဖက်လာတဲ့ လက်ကလေးနှစ်ဖက်။ သူ့ဝမ်းဗိုက်အား ခေါင်းလေး ဝေ့ရမ်းရင် စိတ်ကြိုက် လုပ်လေရဲ့။ နောက် သူအား အငိုမျက်လုံးနှင့် မော့ကြည့်ပါတယ်။

"လူဆိုးမကြီး.. လူဆိုးမကြီးကို ချစ်ဘူး"

ပြောချင်တာ ပြောပြီး ကျောင်းဂိတ်ပေါက်သို့ လစ်ကနဲ ပြေးဝင်သွားတယ်။ ကိုယ်မှာတော့ ကြွယ်ပုံစံလေးကြောင့် သဘောတွေကျပေါ့...

"ကျောင်းရောက်ရင် ကျောက်ရုပ်ကြီးလို မနေနဲ့ဦး။ အပေါင်းသင်းထား သူများချစ်အောင် နေ။ ကြားလား မျက်ဝန်း"

သူရဲ့မျက်လုံးက အရှေ့က ကားလမ်းမတွင်သာ အလုပ်ပေးထား၏။ သူ့အသံကြောင့် အပြင်သာ ငေးနေတဲ့ ကလေးမက သူလှည့်ကြည့်သည်ထင် "ဟုတ်" တစ်လုံးတော့ ပြန်ဖြေ၏။

ဒီကလေး ငါ့ လင်နဲ့ အမျိုး များတော်သလား။ ဘယ်နှယ့် တစ်ခွန်းဆို တစ်ခွန်းပဲ။ ကြီးကောင် ကြီးမဖြစ်တဲ့ ကိုယ်က အလိုမကျ နှုတ်ခမ်းကြီး ထော်လာရော။

"ထမင်းစားချိန်ဆို မင်းကို မုန်း လာခေါ်မယ်။ မုန်းနဲ့လည်း ခင်အောင်နေနော်"

"ဟုတ်"

ရှေ့ကိုသာ အာရုံစိုက်ရင် မောင်းနှင်နေတဲ့ သူမ။ ပါးစပ်ကလည်း အမှာ စကားတွေ တသီးကြီး ပြောလို့။ ပြောသူက ပြောနေတာပဲ။ နားထောင်သူက ကြားလား မကြားလား မသိ ကြည်လဲ့တဲ့ ဖန်မျက်လုံးစိမ်းတွေနဲ့ သူမကိုသာ မမှိတ်မသုတ် ကြည့်လို့။

🌸🐹🌸

အခန်း(B)မှ ဆယ်တန်း ကျောင်းသားများက လိမ္မာတုံးလေးများသာ။ Physic ဆရာမ မဝင်ဘူးလည်း ဆိုရော မျက်နှာကြီးတွေက လူယုတ်မာလို ပြုံးဖြီးကုန်။ အုပ်ကြီးနဲ့ အစည်းဝေးထိုင်တာ ဆိုတော့ ဘယ်ဆရာမမှလည်း အစားဝင်မှာမဟုတ်။ လွတ်လပ်ရေး ရတော့ တစ်ခန်းလုံး မျောက်ပွဲ ကျသလို တစ်ယောက်မှ ဂနာမငြိမ်။

ကြွယ်...မဆိုးနဲ့{ကြွယ်... မဆိုးနဲ့}Where stories live. Discover now