ZawGyi
ကျောင်းမှာ နှစ်ယောက်လုံး တွေ့ဖြစ်ပေမဲ့ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းလိုပဲ မမြင်ချင်ယောင်ဆောင်ဖြစ်ကြသည်။
ချန်းယောလ်ဘေးမှာ မိန်းကလေးတစ်ယောက် ရှိနေသလို ဆယ်ဟွန်း ဘေးမှာလဲ စာအုပ်တွေရှိနေခဲ့သည်။
ချန်းယောလ် တွေးမိတယ်...။
ဒီကောင်လေး ဘာလို့ စာအုပ်တွေနဲ့ပဲ အချိန်ကုန်တာလဲလို့။
ပီးတော့ ဘာလို့ အလုပ်တွေသဲ ကြီးမဲ ကြီး ကြိုးစားနေရတာလဲ။
သူ့မိသားစုအခြေအနေ မကောင်းတာ သိပေမဲ့ ခု သူက ချန်းယောလ် မိသားစုဝင်ဖြစ်နေပြီလေ။
ပိုက်ဆံလိုချင် ချန်းယောလ် ဆီတောင်းလို့ရတာပဲ ဟုတ်ဘူးလား။"ကိုကို...ဘာတွေးနေတာလဲကွာ...
ဘေးမှာ ရှိတဲ့သူကို အဖက်မလုပ်ဘူး ""အာ...sorryကွာ...အသိတစ်ယောက်အကြောင်း တွေးနေမိလို့"
"သူက မိန်းကလေးလား"
"ယောင်္ကျားလေးပါ"
"ယောက်ျား လေးမို့လို့ ခွင့်လွှတ်လိုက်မယ် ကိုကိုနော် ဟန်နီကလွဲ ပြီး တစ်ခြား မိန်းကလေး အကြောင်း မတွေးရဘူး ကြားလား "
ငါတွေးချင်တွေးမှာပေါ့...
ငါ့စိတ်ကို ငါပဲ ပိုင်တယ်...လို့ စိတ်ထဲက တွေးလိုက်ပေမဲ့"အင်း ဟန်နီအကြောင်းပဲတွေးမယ် "
အပြုံးတု ကို မျက်နာမှာ ချိတ်ဆွဲ ပြီး လီဆယ်လိုက်သည်။
ဒီကောင်မလေးကို မြန်မြန် ဖြတ်မှပါ။
စိတ်ရှုပ်ဖို့ကောင်းတယ်။.
.
.
."အို...အို.."
"အိုဆယ်ဟွန်းပါ...ဒီမှာ မင်းအတွက် မနက်စာ"
ရိုးရိုးလေးပါ။ ထမင်းကြော် ပူပူလေးနှင့် ကော်ဖီ ပူးပူးလေးက လိုက်ဖက်တဲ့ တွဲဖက်မှုလားမသိပေမဲ့ ချန်းယောလ် မျက်လုံးထဲတော့ လွန်စာ လိုက်ဖက်နေသည်။
"ပတ်ချန်းယောလ် ရှီး ကျွန်တော်ကို ပိုက်ဆံဘယ်တော့ပေးမှာလဲ"
"ဒီနေ့ည အခန်းထဲလာယူပါ "
"အိုခေ ကျေးဇူးပဲ"
"ဒါနဲ့ ငါ့နာမည်ကို မင်းမှတ်မိတာပဲ"
"ကျွန်တော်က တစ်ခါပြောပြီးရင် မေ့တတ်တဲ့ ငတုံးမဟုတ်လို့ပါ
ပီးတော့...ကျွန်တော်ကအလုပ်တစ်ခုခုလုပ်ပြီးဆိုရင် အလေးထားတတ်တဲ့ လူမလို့ပါ"