three

6.9K 528 97
                                    

ZawGyi

"မင်း.."

ချန်းယောလ် မှာ အံသြကြီး အံသြနေပေမဲ့ သူကတော့ ဘာမှ မဖြစ်သလို။

အသိမှတ် ပြုသလို ချန်းယောလ်ကို  တစ်ချက်သာ ပြုံးပြ ပြီး သူလုပ်စရာရှိတာပဲ ဆက်လုပ်နေသည်။

"ဟုတ် မှာလို့ရပါပြီ "

Waiterကောင်လေး ဝင်လာထဲက  ဖြစ်ပျက်သွားတဲ့ ချန်းယောလ် မျက်နာကို မြင်ပြီး ဘေးက Krisနဲ့ Kaiတို့ ထူးဆန်းနေသည်။

ပီးတော့ waiter ချောချောလေးကို လက်ညှိုးထိုးပြီး *မင်း *လို့ပြောလိုက်တာမို့ ပိုပြီး ထူးဆန်းသွားသည်။
ချန်းယောလ်မှာ မိမိတို့ကလွဲ သူငယ်ချင်း ရှိတာမှ မဟုတ်တာပဲ။

"ချန်းယောလ် မင်းနဲ့ သူက အသိလား"

"အေး...သူက ငါ့ ယောက်ျား "

"ဘာ..."

စိတ်တိုတိုနဲ့ ပြောလိုက်မိပြီးမှ ချန်းယောလ် မှားသွားမှန်းသိလိုက်ရသည်။

"ချန်း...ချန်းယောလ် မင်းပြောတာ သူနဲ့ မင်က လင်လင်တွေပေါ့ "

နှစ်ယောက်လုံးဆီက ပြိုင်တူ ထွက်လာတဲ့အသံ။

ချန်းယောလ် နေရာကနေ ထွက်တောင် ပြေးလိုက်ချင်သည်။ တကယ် လူတွေရှေ့မှာ မိမိ လျှို့ ဝှက်ချက်ကို မိမိကိုယ်တိုင် ဖွင့်ပြောမိရတယ်လို့။

"အေး သူနဲ့ မိဘတွေ သဘောတူလို့ မင်္ဂလာ ဆောင်ပြီးပြီ "

"မှာစရာမရှိရင် ခွင့်ပြုပါဦး"

waiter ohလေး ထွက်သွားတာကို သတိမထားမိကျပဲ ချန်းယောလ် အဖြေပေါ်မှာပဲ နှစ်ယောက်သား စိတ်ဝင်စားလျှက်ရှိသည်။

မတတ်နိုင်တဲ့အဆုံးချန်းယောလ် မိမိတို့အကြောင်း အကုန်ပြောပြလိုက်ရသည်။ မပြောပြရင် နှစ်ယောက်လုံး က ချန်းယောလ်ကို သတ်မဲ့ သဘောရှိသည်။

မိဘသဘောတူလို့ လက်ထက်တာကစ တစ်နှစ်ကြာရင် ကွာရှင်းမဲ့ အကြောင်းထိ။
မိမိတို့နှစ်ယောက်ကြား က စာချုပ်ကိစ္စ အပါအဝင်။

"ဒါဆို မင်းတို့က လင်လင်တွေပေါ့"

"ဒါပဲ ဘယ်နှစ်ခါ မေးနေတာလဲ ဟုတ်ပါတယ်ဆို "

Married lifeWhere stories live. Discover now