ten

7K 464 108
                                    

Zawgyi

"အန်တီတို့ စကား ခဏလောက် ပြောကြမလား"

ဆယ်ဟွန်း Ph noကို မသိ၍ ဆိုသော အကြောင်းပြချက်ဖြင့် ကျောင်းပေါက်ဝထိ ကိုယ်တိုင် လာခေါ်နေတဲ့ ပတ်ချန်းယောလ် အမေဖြစ်သူကြောင့် သူမခေါ်ဆောင်ရာနောက် ဆယ်ဟွန်း လိုက်ခဲ့ရသည်။

ဆယ်ဟွန်းတို့၏ မင်္ဂလာပွဲမှာ သူမနှင့် တစ်ကြိမ်သာဆုံတွေ့ဖူးပါသည်။

ဘာအကြောင်းကြောင်းလဲဆိုတာ ဆယ်ဟွန်း မမေးမိသလို သိလဲမသိချင်ပါ။
သူမနောက်လိုက်ခဲ့ ခြင်းဟာလဲ လူကြီး တစ်ယောက်ကို ငြင်းဆန်ရင် ရိုင်းပျမည်ဆိုး၍ပင်။

ဆယ်ဟွန်းလိုက်ပါလာတဲ့ ကားလေးသည် ကျောင်းနှင့် ခပ်ဝေးဝေးတွင် ရပ်သွားတာနှင့် သူမက ဒရိုင်ဘာကို အပြင်ထွက်ခိုင်းလိုက်သည်။

"ဒရိုင်ဘာမင် အပြင် ခဏ ထွက်ပေးပါ "

ကားထဲမှ နှစ်ယောက်ထဲရှိတော့သည့်အချိန်မှ သူမဘက်က စကားစလာသည်။

"အန်တီပြောချင်တာက...သားချန်းနဲ့ ကွာရှင်းပေးပါ"

ခေတ်ပညာတတ် အမျိုး သမီးပီပီ သူမက ပွင့်လင်းစွာပြောလာသည်။

ဆယ်ဟွန်း မျက်နာအမူအရာ ကိုလဲ သတိကြီးစွာနှင့် ကြည့်နေ၏။

"စိတ်မပူပါနဲ့ ကျွန်တော်တို့ တစ်နှစ်ကြာတာနဲ့ ကွာရှင်းကြမှာပါ...ပြောစရာက ဒါပဲဆိုရင်တော့ ကျွန်တော်ကို ကျောင်းပြန်လိုက်ပို့ပေးဖို့ပြောချင်ပါတယ် "

သူတို့ ထင်သလို ဆယ်ဟွန်းက ပတ်ချန်းယောလ် အနား မှာ ကပ်တွယ်နေမဲ့ သူမျိုး မဟုတ်မှန်း သိအောင်တော့ ပြောမပြတော့ပါလေ။
..

အိုဆယ်ဟွန်းဆိုနဲ့ကောင်လေး ပြောလိုက်သည့်စကားက သူ့မ မထင်ထားသည့်အတွက် အနည်းငယ် အံသြမိရသည်။

မျက်နာ အမူအရာကလဲ နည်းနည်းမှ ပြောင်းလဲမသွား။ တည်ကြည်နေဆဲပင်။

မိမိက နစ်နာကြေးတွေဘာတွေနဲ့ ကိုက်ပေါက်မှ လက်ခံမယ်ထင်ခဲ့မိတာ။ ခုလိုဆိုတော့လဲ အဆင်ပြေသွားတာပေါ့။

ကျောင်းကိုပြန်လိုက်ပို့ရင်း သားချန်းကို ပြန်မပြောဖို့ မှာရဦးမည်။ သားချန်းက သူ့ကိစ္စတွေဝင်ပါတာ ကြိုက်တာမဟုတ်ဘူး။..

Married lifeWhere stories live. Discover now