'ဒုန်း....ဒုန်း....ဒုန်း'
"တံခါးဖွင့် ဆယ်ဟွန်း မင်း အထဲမှာ ကို သိတယ် နော် တံခါးဖွင့် "
တံခါးခေါက်သံက အဆက်မပြတ် ထွက်လာပေမဲ့ ဆယ်ဟွန်း နေရာကနေ တုတ်တုတ်မျှမလှုပ်
ဆယ်ဟွန်း အခန်းထဲက်ို ပြေးဝင် သွားထဲက နောက် က လိုက် လာတာ
လူမှားပါတယ်လို့ ပြောခဲ့တာ ကို ဘယ်လိုများ ရိပ်မိသွားတာ ပါလိမ့်
"ဘာလုပ် ရမလဲ ဘာလုပ်ရင် ကောင်းမလဲ "
ဆယ်ဟွန်း ဆံပင်ကို စိတ်ရှုပ်စွာ ဖွာ လိုက် မိသည်
အပြင်ဘက်က ပတ်ချန်းယောလ်ကတော့ တံခါးကို အဆက်မပြတ် ထုနေဆဲ
တစ်ယောက်ယောက် လောက် ပတ်ချန်းယောလ်ကို မတားကြ တော့ဘူးလား ဗျာ???
မာသာက လဲ ပတ်ချန်းယောလ်ကို နားချ ကြည့်ပေမဲ့ နောက်ဆုံး လက်မြှောက် အရှုံးပေးပြီး ပြန်ထွက်သွားပြီ
ဆယ်ဟွန်း စိတ်တွေ ရှုပ်လာပြီ.....
"တံ ခါးဖွင့်လို့ ပြောနေတယ် မဟုတ်ရင် တံခါးဖျက်ပြီး ဝင်လာမှာ "
တကယ်ကြီး တံခါး တော့ ဖျက် မဝင် လာလောက် ပါဘူးနော့် ?
"ဒုန်း....."
တံခါးကို ထုနေတဲ့ အသံက ရုတ် တရက် ရပ် သွားတာမို့ ဆယ် ဟွန်း နားစွင့်ကြည့်မိသည်
ဆယ် ဟွန်း ခြေ သံ ဖွ ဖွ နှင့် တံခါးအနီး လျှောက် သွား လိုက်ပြီး တံ ခါး နား နားကို ကပ် ကာ နား စွင့် ကြည့်တော့လဲ ဘာ သံ မှ မကြားရ
ဆယ်မိနစ် လောက်ထိ ဘာသံမှ ထပ်မကြားရတာမို့ တကယ်ပဲ သွားပြီ လားဆိုတဲ့ သိချင် စိတ်ကြောင့် အပြင် ကို ထွက်ကြည့်တော့ အပြင်မှာ ဘယ်သူ မှ ရှိမနေတော့
သူ ထွက်သွားပြီ ဆိုတဲ့ အသိကြောင့် ရုတ်တရက် ဝမ်းနည်း မိသလိုလို ...
မဆိုင် တဲ့ သူကြောင့်နဲ့ ဘာလို့ ဝမ်းနည်း နေရမှာလဲ အိုဆယ်ဟွန်း !!မင်း အရူးလား??
ရုတ် တရက် ဆယ် ဟွန်း ခန္ဓာ ကိုယ် ကို အခန်းတွန်းသို့ တွန်းပို့ ခြင်း ခံလိုက်ရပြီနောက်....