20

2.3K 192 22
                                    

"သူ တကယ် ပြန် သွားပြီ ထင်တယ် "

တစ်နေ့လုံး မျက်စိ ရှေ့မှာ လုံးလုံးပေါ်မလာတဲ့ ပတ်ချန်းယောလ်

မနေ့က ဆယ်ဟွန်းပြော လိုက် မိတဲ့ စကားတွေက လွန်များသွားသလား ?

သူ့အချစ်ကို မယုံ လို့ မယုံ ဘူးပြောတာလေ...
သူ့ကို မချစ်ဘူးလို့လဲ မပြောမိဘူးလေနော်...
အဲ့တာ လွန် သလား ?
သူ့မေမေ ကို ဆယ်ဟွန်း ကြောက်တာ လွန်လား ?
ယုံအောင် သူကြိုးစားရတာပဲကို ငတုံး ပတ်ချန်းယောလ် ....
ဘာမှတောင် မကြိုးစားပဲ လက်လျှော့တယ်

ဆယ်ဟွန်း အဲ့ ငတုံး ချန်ယောလ်ကို မချစ်တော့ ဘူး မုန်းတယ် ...ဟွန်း လုံးဝ လုံးဝ မချစ်ဘူး

ပြန်သွားတယ် မလား ပြန်ပေါ့...
ဆယ်ဟွန်း က အေးဆေးပါနော်
ပြန်လာရဲ ပြန်လာကြည့် အပေါက် ဝ ကနေ ကို ကန်ထုတ်ပြစ်မယ် ....

ဂေဟာ တံခါးနားမှာ တုတ် တစ်ချောင်းကိုင်လျှက် တစ်ယောက်ယောက်ကို စောင့် နေတဲ့ ကောင်လေးတစ်ယောက် ရှိတယ်

အဲ့ကောင်လေး ပါးစပ်ကနေ တစ်စုံတစ်ယော​က်ကို ဆဲဆိုနေပုံ ပေါ်ပေမဲ့ မျက်ဝန်းတွေက တော့ ပြန်မလာမှာကြောက်နေပုံပေါ်၏

အရည် ကြည်လေးတွေက ထိုကောင်လေး၏မျက်ဝန်း လှလှ လေး တွေနားမှာ ရန်ဖန် ရန်ခါ ခစားနေတတ်သည်
.......................

"သားလေး ဒီ ဆန်ပြုတ် လေး နည်းနည်း စားပါဦးလား ကွယ် "

"မစား ချင်ဘူး မာသာ သားတစ်ယောက် ထဲ နေချင်တယ် "

"သားဗိုက်ဆာ ရင် စားလိုက်နော် မာသာ သားရဲ့ စားပွဲ ပေါ် ထားခဲ့မယ် ပြီးရင် ဆေးလေးရော သောက်နော် "

ခေါင်းလေး ရမ်းခါ ရမ်းခါနဲ့ အခန်းထဲက ထွက် သွားတဲ့ မာသာ....

သူ မ မျက်နာ မှာ စိုးရိမ် ပူပန်မှု က အထင်းသား

တံခါး ပိတ် သံတွေ ကြားလိုက် ရ မှ ဆယ် ဟွန်း ငိုချလိုက်မိသည်

မနေ့က တစ်နေ့လုံး ဆယ်ဟွန်း တံခါး ဝမှာ ရပ်စောင့်နေခဲ့ပေမဲ့ ပတ်ချန်းယောလ်က ပြန်မလာခဲ့ ပါ

မျက်လုံးတွေ ပြာလာပြီး အသိစိတ် မပျောက်သွားခင် အထိ ဆယ်ဟွန်းရပ်စောင့်နေခဲ့ပေမဲ့ ...

Married lifeWhere stories live. Discover now