15

3K 291 42
                                    

မာမီ ရဲ့ အတင်းစေလွှတ် မှု နှင့် အတူ စိတ်မပါလက်မပါ လိုက် လာရသော ကင်နာနာ သူငယ် ချင်း ဖြစ်သူ ၏ မွေးနေ့ပါတီပွဲ ...။

နူးညံစွာ လွင့်ပျယ်နေသော သီးချင်းသံက ချန်းယောလ် ကို ကြည်နူးမှု မပေးနိုင်ပါ။

ဆယ်ဟွန်းနီးရဲ့ 'ကွာ ရှင်း ကြ ရ အောင် ' ဆိုသော အသံက သာနားထဲ တစ်ဝဲလည်လည် ကြားနေရသည်

ဖြစ်နိုင်ရင် ဒီနေရာက နေ အမြန်ဆုံး ထွက်ခါ ပြီး ဆယ်ဟွန်းနီး ရင် ခွင်ထဲ သွားချင် လှပြီ

' ကွာ ရှင်း ကြ ရ​ အောင် 'လို့ ပြောတဲ့ ဆယ်ဟွန်းနီ နှုတ်ခမ်းနီတာရဲလေးကို အနမ်းချိုချိုလေးတွေနဲ့ အပြစ်ပေးချင် လှပြီ

ရှန်ပိန် တစ်ခွက်ပြီး တစ်ခွက် မော့ သောက်နေပေမဲ့ ချန်းယောလ် ရင်ထဲက အပူက အေးမသွား
ဒီ စိတ်ရှုပ် စရာ ကောင်း လွန်းတဲ့ နေရာကြီးကနေ အမြန်ဆုံး ထွက်သွားချင်လှပြီ

ချန်းယောလ် နာနာ မသိအောင် ပြန်မယ် လုပ်တော့ ဘယ်တုန်း က ထဲ အနားရောက်နေမှန်း မသိတဲ့ ကင် နာနာ က

"ကိုကို ရေ...နာနာ နဲ့ အတူ လိုက်ကပေး"

"ငါ ခေါင်းမူးနေပြီ နာနာ
အမြန်ပြန်ရအောင် "

"ကိုကိုက လဲ နာနာ အတူ တစ်ခါလောက်လိုက် က ပေးပါ့လို့နော် "

"မက ချင်ဘူး ငါပြန်ချင်ပြီ ဆူညံလွန်းလို့ ခေါင်းတွေကိုက်နေပြီ"

"ကိုကို နာနာ နဲ့ အတူ မကပေးရင် မပြန်ဘူး...
ကိုကို တစ်ယောက်ထဲ ပြန်သွားရင်လဲ နာနာ အန်တီကို တိုင်မယ် "

"ကျစ် နာနာရာ မင်းက တကယ် စိတ်ရှုပ်ဖို့ ကောင်းတယ် "

ချန်းယောလ် ဆံပင်တွေကို ဆွဲဖွာလိုက်ပြီး စိတ်ရှုပ် စွာ ပြောလိုက်တော့ သူမက စပ်ဖြဲ ဖြဲ မျက်နာ နှင့် ချန်းယောလ် ဆံပင်တွေကို လာသပ်ပေးကာ

"ဟီး ကိုကို ကလဲ လာ ပါ ကပြီးရင် တူတူပြန်ကြမယ်လေ "

ချန်းယောလ် အိမ်အမြန်ပြန်ချင်တာကြောင့် သူမ သဘော လိုက်ကာ စိတ်မပါစွာ ကပေးလိုက်သည်

ဒါပေမဲ့ ချန်းယောလ် သတိမထားမိလိုက်တဲ့ အရာက သူတို့ နှစ်ယောက်ကို တစ်ဖျက်ဖျက် ရိုက်ကူးနေတဲ့ ကင်မရာ တစ်စုံကို

Married lifeWhere stories live. Discover now