Thirteen

6.3K 448 47
                                    

Zawgyi

"ချန်းယောလ် "

"ဟင်..."

"မင်းသူ့ကို ကြိုက်နေပြီလား"

ချန်းယောလ်ကို စိုက်ကြည်ကာ မေးခွန်းထုတ်လာတဲ့ Kaiနဲ့Krisကြောင့်
ခုံပေါ်ကို ကျကျနန ထောက်ထားတဲ့ လက်တွေ ယိုင်သွားရ၏။

"အဟား...ဘာလို့ မင်းတို့ အဲ့လိုထင်တာလဲကွ အဟင်း"

အရှက်ပြေ အော်ရီလိုက်ပြီ မေးခွန်းကိုပြောင်ငြင်းလိုက်သည်။

"မသိပါဘူးကွာ...
မင်း အိုဆယ်ဟွန်းကို မျက်လုံးအကြီးကြီးတွေနဲ့ စားမတတ်ဝါးမတတ် စိုက်ကြည့်နေလို့ "

"ငါ အဲ့လိုကြည့်မိလို့လား"

ထပ်ပြီးပြောင်ငြင်းဖို့ကြိုးစားပေမဲ့...

"ခုံပေါ်ကို လက်ထောက်ပြီးကို မင်းက တစ်စိမ့်စိမ့် ထိုင်ကြည့်နေတာ" လို့ yifanပါ ဝင်ပြီးပြောလာတော့ ချန်းယောလ် ပြေးစရာ မြေမရှိတော့ သလို ခံစားလိုက်ရသည်။

အရှက်ပြေ အော်ရီလိုက်ရင်း...

"ဒီတိုင်းပဲကြည့်  ကြည့်နေတာပါကွာ..."

"သေချာလား..."

"သေ..သေချာတာပေါ့ကွ အဟင်း....
ငါ Tiolet ခဏသွားဦးမယ် အဟင်း"

မေးခွန်းတွေ ဆက်မလာခင် ချန်းယောလ် နေရာမှ ထွက်ပြေးလာခဲ့လိုက်သည်။

ဆက်ပြီး မေးခွန်းတွေထွက်လာရင် ချန်းယောလ် ဘူးပေါ်သလို အိုဆယ်ဟွန်းအပေါ် မိမိခံစားချက်တွေရှိနေကြောင်း ဟိုကောင်တွေသိသွားမှာ အမှန်ပင်။

မိမိကိုယ်တိုင် မသေချာသေးခင်ထိ ဘယ်သူ့ကိုမှမသိစေချင်ပါ။

..........

ဒီနေ့ ကန်တင်းမှာလဲ အိုဆယ်ဟွန်းဆိုတဲ့ အဆိုးလေးကို ထိုင်ကြည့်မိနေပြန်၏။

kaiနဲ့Krisကလဲ ချန်းယောလ်ကို လက်လန်သွားသည်ထင် ။ ချန်းယောလ် ဘာလုပ်လုပ် မေးခွန်းမထုတ်ကြတော့။ အေးလေ....သူတို့မေးသမျှအတွက် ချန်းယောလ်မှ အဖြေမပေးခဲ့တာ။

အတန်းတတ်ခါနီးလို့ ပြန်တော့လဲ အဆိုးလေး အနား ကနေ အသံကျယ်ကျယ်ဖြင့် ကလိခဲ့သေး၏။

Married lifeWhere stories live. Discover now