16

2.7K 325 46
                                    

သုံးနှစ် ....သူ ကျွန်တော့် ဘေး က ထွက်သွားတာ သုံးနှစ် တိတိရှိသွားခဲ့ ပြီ။

ဒီသုံးနှစ် အတွင်းမှာ သူ့အကြောင်း အနည်းငယ်လေးမှ တောင် စုံစမ်း၍ မရ။

ဘယ်နေရာ ဘယ်ဒေသမှာ များ ပုန်းရှောင် နေလဲ သဲ ငယ်လေးရယ်...
အလွမ်းဒဏ်တွေကို လုံလုံလောက်လောက်ကြီး ခံစားပြီးပြီမို့ ကိုယ့်ဆိီ မြန်မြန် ပြန်လာပါတော့ ကွယ်......

............

အဆင်မြင့် အဆောက်ဦးရဲ့ အပေါ်ဆုံး ထပ်မှနေ အပြင်ကို ငေးကြည့်နေတဲ့ အမျိုး သားတစ်ဦး

သူ့မျက်ဝန်း ဝိုင်းဝိုင်းလေးတွေက တစ်စုံတစ်ဦး ကို အမြဲတမ်း သတိရနေကြောင်းဖော်ပြလျှက်

အပြုံးအရယ်မရှိတဲ့ သူနှုတ်ခမ်း တွေ ဟာ တစ်ခါတစ်ရံ တစ်စုံတစ်ဦးရဲ့ နာမည်ကို ရွတ်နေတတ်သေး၏

"CEO park အစီအဝေး တတ်ဖို့ အချိန်ရောက်ပါ ပြီ "

"သိပြီ "

အတွေးတွေကို သိမ်းဆည်းကာ အစည်းဝေးခန်းသို့....

ဒီသုံးနှစ် အတွင်း မှာ ချန်းယောလ် ကိုယ် ကိုယ်တိုင် ပြောင်းလဲခဲ့သည်

ပါးပါးထောင်ခဲ့တဲ့ Companyမှာ CEO ဆိုတဲ့ ရာထူး ရအောင် အပြင်အထန်းကြိုးစားခဲ့သည်

အကြောင်းရင်းက ချန်းယောလ် အလုပ်ကြိုးစားပြီး နေရာ တစ်ခု ရောက်ရင်

'မင်းနဲ့ အိုဆယ်ဟွန်း တို့ကြား ထပ်ပြီး သွေးမခွဲတော့ ဘူး 'ဆိုတဲ့ မားမား ကတိကြောင့်

ဆယ်ဟွန်းထွက်သွားတဲ့ နေ့ကထဲက မစားနိုင် မသောက်နိုင်ဖြစ်ပြီး အရက်တွေ ပဲ စွတ်သောက်ကာ ချုံးချုံး​ကျသွားတဲ့ ချန်းယောလ်ကို မားမား မကြည့်ရက်တော့လို့ ဒီလို ကတိမျိုး ပေးခဲ့တာ ဖြစ်မည်

မင်းနဲ့ ကိုယ်နဲ့ကြား ခွဲမဲ့ သူ မရှိတော့ဘူးလေ အချစ်ရယ် ....
ကိုယ့်ရင်ခွင်ထဲကို အမြန်ဆုံး ပြန်လာပါတော့ကွယ်...
................

"ကိုကို "

"ဪ နာနာတို့ ပါလား "

"ဟုတ်တယ် ကိုကိုရေ သားလေးကလေ ဦးဦးဆီလိုက်ပို့ဆိုပြီး အတင်း ဂျီကျနေလို့ လာလိုက်တာ "
ကျွန်တော်ကို မစောင့်နိုင်တော့တဲ့နာနာ က သူ့ကို နှစ်အကြာကြီး တစ်ဖက်သတ်ချစ်နေတဲ့ အိမ်နီးနားချင်းကောင်းလေးနဲ့လက်ထပ် ယူလိုက်ပြီး ချစ်စရာ ကလေး​လေးတစ်ယောက်ကိုပါ မွေးထားပြီးဖြစ်သည်

Married lifeWhere stories live. Discover now