Zawgyi
ဆယ်ဟွန်း တစ်နေလုံး နားချိန် မရှိခဲ့ပါ။
ကျန်ရက်များတွင် ဆယ်ဟွန်းအချိန်တွေမှာ အနှောက်အယှက် မရှိချင်တာမို့ ယွန်ဟီး ကို ဒီနေ့ပဲ မမှီတဲ့ စာ အကုန် အတန်း မတတ်ပဲ ရှင်းပြခဲ့သည်။
ဆရာမ အတင်း အကူအညီတောင်းခဲ့ ခြင်းမို့လဲ ဆယ်ဟွန်း အချိန်တွေကို ဖဲ့ပေးခြင်းဖြစ်၏
နောက်နေ့တွေမှာတော့ ဆယ်ဟွန်း လွပ်လွပ်လပ်လပ် နေနိုင်ပြီ ဖြစ်သည်။
ကုတင်ပေါ် လှဲ ချလိုက်ပြီး Ph ကို ထုတ်ယူကြည့်လိုက်တော့ ပတ်ချန်းယောလ် ဆီမှ ဒီည သူ့အခန်းလာခဲ့ဖို့ ခေါ်ထားခြင်းပင်။
ဆယ်ဟွန်း စိတ်ရှုပ်စွာ ဆံပင်တွေကို ဆွဲဖွှာလိုက်မိ၏။ မိမိ phကို ထုတ်မကြည့်ခဲ မိလျှင် အကောင်းသား..။
ဒီနေ့ တကယ် ပင်ပန်းနေတာမို့ သူ့ဆီ မသွားချင်ပါ။
ပတ်ချန်းယောလ် ခေါ်တာ ထိုအကြောင်းကလွဲ ပြီး အခြားလဲ မဖြစ်နိုင်ပြီ။
ပထမအကြိမ်နှင့် ဒုတိယ အကြိမ်တုန်းက ရရှိခဲ့တဲ့ နာကျင်မှုနှင့် တစ်ဆက်တည်း ပတ်ချန်းယောလ်၏ ကြမ်းရမ်းမှုကို မြင်ယောင်မိတော့ ဆယ်ဟွန်း ဖင်လေးကို ကျုံလိုက်မိသည်။
အနည်းငယ် ကြောက်လန့်မိသည်ကိုတော့ မညာတမ်း ဝန်ခံရပါပေမည်။
သို့ပေမဲ့ မိမိသည် ကတိ တည်သည့် ယောက်ျား ကောင်းပေမဲ့ ခြေလှမ်းတုန်တုန်နှင့်ပဲ အပေါ်ထပ်နှင့် ဆက်ပေးထားသည့် လှေကားတွေကို နင်းတတ်ခဲ့သည်။
ပတ်ချန်းယောလ် အခန်းရှေ့တွင် အနည်းငယ် တည်ငြိမ်မှု ရရှိရန် ခဏ မျှ ရပ်ပြီးမှ တံခါးကို ခေါက်လိုက်သည်။
"ဒေါက်...ဒေါက်.."
"ဝင်ခဲ့... "
အခန်းတွင်းသို့ ဝင် လာသည့် အိုဆယ်ဟွန်း မျက်နာဟာ တစ်လောကလုံး သူ့ လုပ်စာ ထိုင်စားနေရသည့် မျက်နာပေးနှင့် ။
အိပ်ခန်း အတွင်ရှိ ဆိုဖာပေါ်မှာ ထိုင်စေရန် ညွှန်ပြ ပြီးနောက် ချန်းယောလ် လဲ သူနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။