~1~(Unicode)

18.3K 437 1
                                    

Violin music show​လေးတစ်​ခု...။
စင်​မြင့်​ထက်​တွင်​မူ တ​ယောကို မာန်​အပြည့်​ဖြင့်​တီးခတ်​နေ​သော ဖြူဖြူ​ဖွေး​ဖွေး​ကောင်​လေး တစ်​ယောက်​..။ မျက်​လုံးကိုမှိတ်​ကာ ခံစားချက်​ကို စီး​မျော​စေရင်း မာန်​ပါပါတီးခတ်​နေပုံက မြင်​ရသူတို့အဖို့ ရင်​သပ်​ရှု​မောဖွယ်​အတိ။ ထိုသူသည်​ကား... violinist လွမ်းပုံရိပ်​...။

===

"ဓာတ်​ပုံ​လေးတစ်​ပုံ​လောက်​တွဲရိုက်​ချင်​လို့ပါ..."

"​သြော်...ဟုတ်​ကဲ့ ၊ရပါတယ်​..."

ကမ်း​ပေးလာ​သော ph​လေးကို ယူလိုက်​ရင်း ဓာတ်​ပုံ​လေးတစ်​ပုံရိုက်​ပေးလိုက်​သည်​...။ထိုအခါ Fangirl​လေးသည်ကား ပြုံးရွှင်​သွားရင်း ...

"Sign​လေး​ရော ..."

"​သြော်​.. ဟုတ်​ကဲ့..."

Sign ထိုးရန်​ပြင်​လိုက်​တော့ ဦးထုပ်​အဖြူ​လေး​အား အရှေ့သို့ထိုး​ပေးလာ၏။

"ဦးထုပ်​ပေါ်မှာလား.. "

"ဟုတ်​ကဲ့.."

"နာမည်​က...?"

".........."

"မြန်​မာလူမျိုးလား.. ညီမက.."

"ဟုတ်​ကဲ့"

"လာအား​ပေးတာ​ ကျေးဇူး​နော်​..."

"ဟုတ်​ကဲ့..."

မိမိ idol က အလိုက်​သင့်​စကား​ပြော​ပေး​နေ၍ ထိုက​လေးမ​လေးသည်ကား ပြုံး​ပျော်​လျက်​ရှိသည်​။

"ဟုတ်​ကဲ့...။ ဒီမှာ​နော်​..."

"​ကျေးဇူးတင်​ပါတယ်​..."

"ဟုတ်​ကဲ့ပါ..။​ကျေးဇူးပါ..."

Show တစ်​ခု​တော့​အောင်​အောင်​မြင်​မြင်​ပြီးသွားပြန်​ပြီ..။ ဤသို့ ပြီးသွားမှသာ ရင်​ထဲက အလုံးကြီးက ပျက်​ပြယ်​သွားတတ်​စမြဲ...။ အရာရာကို အ​ကောင်းဆုံးများသာ ပြသချင်​သော ကျွန်​တော့်​လောဘ​ကြောင့်​လည်း stress များရခြင်း ဖြစ်​ပေလိမ့်​မည်​..။

"Hey...Yate"

"​သြော်​.. အာကာ..."

"ပင်​ပန်းသွားပြီလား..."

"နည်းနည်းပါ..."

"ပြန်​ကြစို့​လေ...။ အန်တီနှင်း​စောင့်​နေပြီ..."

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now