~8~ (Zawgyi)

1K 69 0
                                    

အဖွဲ့တစ်ခုလုံးရဲ့ကြိုးစားအားထုတ်မှုများအပြီး Fan meeting ပွဲကြီးမှာ အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ကိုစေ ကမူ ပွဲအပြီး "အရမ်းတော်တယ် .. ။ ပင်ပန်းသွားပြီ" ဟူသော စကားနှစ်ခွန်းသာ ဆို၍ ချက်ချင်းထွက်သွားခဲ့သည်။ နူးညံ့သော အပြုံးတစ်ပွင့်ကို ရလိုက်သော်ငြား ထိုမျှနှင့်မကျေနပ်နိုင် ဖြစ်နေသော ကျွန်တော့်ကိုကျွန်တော်သည်ကိုပင် နားမလည်နိုင်တော့ပါ...

"ပုံရိပ်.."

"ဗျာ.. ကိုထွဋ်.."

"ပင်ပန်းသွားပြီ .. "

"အားလုံးရဲ့ကူညီမှုကြောင့် အရမ်း မပင်ပန်းခဲ့ပါဘူး.."

အေးချမ်းသော အပြုံးလေးတစ်ပွင့် ဖြင့် သွက်သွက်လက်လက်ဖြေကြားနေသော ပုံရိပ်ကိုကြည့်ရင်း အားမလိုအားမရဖြစ်မှုများက ရင်ထဲတိုးဝင်လာ၏။

ကံကြမ္မာနတ်သမီးအား မျက်စိရှေ့မှောက်မြင်တွေ့နိုင်ပါက ခင်ဗျားဘာလို့ အဲ့သလောက်ရက်စက်ရသလဲဟူ၍ သွားရန်တွေ့မိမည်မှာ အမှန်...

"ကိုရိပ်.."

"အော် ခန့် ... ရောက်နေတာလား.."

"ဟုတ်တယ်.. စိမ့်လေးက ကြည့်ချင်တယ်ဆိုလို့..."

"အာကာရော..."

"သူ ချိန်းထားတာရှိလို့တဲ့ ပြန်သွားပြီ.."

"အော် အင်း..."

ပုံရိပ်နဲ့ အပြန်အလှန်စကားပြောနေသော ခန့်ကိုကြည့်နေရင်း ဘေးက ကလေးမလေးကို မြင်တော့ အလိုမကျချင်သလို ခံစားမိသည်။ ကိုယ့်အတွက် ကလေးတစ်ယောက်သာသာ ရှိသူက ယခုမူ တစ်ခြားသူတစ်ဉီးအား လူကြီးတစ်ယောက်သဖွယ် ဂရုစိုက်နေ၏။

လိုက်ဖက်သော ကလေးနှစ်ယောက်ဖြစ်နေပေမယ့် အလိုမကျသော ခံစားမှုကြီးကြောင့် ကိုယ်တိုင်ပင် ဘာဖြစ်စေချင်မိမှန်းမသိတော့ပါ...။

"အော်.. ဒါနဲ့ ကိုထွဋ်..၊ ကိုရိပ်ကို တောင်ကြီးမှာရိုက်မယ့် photo shooting အကြောင်းပြောပြီးပြီလား.."

"မပြောရသေးဘူး.. ၊ ပွဲနဲ့အလုပ်ရှုပ်နေတော့.."

"အော်.. ကိုရိပ် နောက် တစ်ပတ်ထဲမှာ photo shooting ရှိတယ်နော်..။ တောင်ကြီးမှာ.."

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now